ကိုဗစ်စင်တာကိုဝေဖန်သော တရုတ်အသင်းမှ NBA နာမည်ကျော်ကစားသမားဟောင်း ဂျယ်ရမီလင်း ဒဏ်ရိုက်ခံရ

By NBC news
11 December 2022
ကိုဗစ်စင်တာကိုဝေဖန်သော တရုတ်အသင်းမှ NBA နာမည်ကျော်ကစားသမားဟောင်း ဂျယ်ရမီလင်း ဒဏ်ရိုက်ခံရ

ကမ္ဘာတွင် အတင်းအကျပ်ဆုံး ကိုဗစ်ထိန်းချုပ်ရေးအစီအစဉ်များကို ရပ်တန့်ရန် တရုတ်အစိုးရက ကြိုးပမ်းနေစဉ်မှာ တရုတ်အသင်းတွင်ကစားနေသော NBA နာမည်ကျော်ကစားသမားဟောင်း ဂျယ်ရမီလင်းသည် သီးသန့်ခွဲခြားထားရှိသည့် ကိုဗစ်စင်တာများကို ဝေဖန်သည့်အတွက် ယွမ် ၁၀,ဝဝဝ (ဒေါ်လာ ၁၄၀ဝ) ဒဏ်ရိုက်ခံရကြောင်း တရုတ်ဘတ်စကတ်ဘောအသင်းက ဒီဇင်ဘာ ၂ရက်တွင် ထုတ်ပြန်ခဲ့သည်။

ရှန်ဟိုင်းနှင့် တခြားဒေသများတွင် ပြီးခဲ့သည့် သီတင်းပတ်က သမ္မတ ရှီကျင့်ဖျင်ရာထူးမှဆင်းရန် တောင်းဆိုဆန္ဒပြမှုများအပြီး ဒီဇင်ဘာ ၂ရက်တွင် တားမြစ်ချက်များကို ဖြေလျှော့ကာ ဈေးဝယ်ကုန်တိုက်များ၊ ဈေးဝယ်စင်တာများနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးခဲ့သည်။

လူအသေအပျောက်များသော မီးလောင်မှုကြောင့် ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့သည့် ရှင်ကျန်းပြည်နယ် အူရမ်ချီမြို့တွင် ဈေးဝယ်စင်တာများနှင့် အခြားစီးပွားရေးလုပ်ငန်းများကို ပြန်လည်ဖွင့်လှစ်ကြောင်း ကြေညာခဲ့သည်။

Loong Lions ဘတ်စကက်ဘောကလပ်တွင် ကစားနေသည့် ဂျယ်ရမီလင်းသည် ပွဲမစတင်မီ ဒီဇင်ဘာ ၂ရက်က သီးသန့်ခွဲထားစောင့်ကြည့်သည့် ဟိုတယ်၏ ဝန်ဆောင်မှုမကောင်းကြောင်း ပြောကြားခဲ့သည်ဟု တရုတ်ဘတ်စကက်ဘောအသင်းက ထုတ်ပြန်ခဲ့သည်။

“ဒီလိုပြောလိုက်တာဟာ အသင်းနဲ့ ပြိုင်ပွဲဧရိယာအပေါ် ဆိုးရွားတဲ့ သက်ရောက်မှုတွေ ဖြစ်စေခဲ့ပါတယ်” ဟု အသင်းက ပြောသည်။

ဂျယ်ရမီလင်းသည် ကျဲ့ကျန်းပြည်နယ် ရှန်ဟိုင်းတောင်ပိုင်းရှိ ကျူကျီမြို့တွင် လာမည့်သီတင်းပတ် ကစားပွဲမတိုင်မီ ဟိုတယ်ရှိ အားကစားခန်းမဝန်ဆောင်မှုနှင့် ပတ်သက်၍ မကျေနပ်ကြောင်း ပြောသည့် ဗီဒီယိုကို အွန်လိုင်း၌ တင်ခဲ့ကြောင်း ရှန်ဟိုင်းသတင်းစာ The Paper က ဖော်ပြခဲ့သည်။

ဂျယ်ရမီလင်းကို ထိုင်ဝမ်မိဘများမှ ကယ်လီဖိုးနီးယားတွင် မွေးဖွားခဲ့ပြီး NBA တွင် ပါဝင်ကစားခွင့်ရသော ပထမဆုံး တရုတ် သို့မဟုတ် ထိုင်ဝမ်နွယ်ဖွား အမေရိကန်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required