တရုတ်နိုင်ငံအတွင်း ဆန္ဒပြမှုများက ရှီကျင့်ဖျင်အစိုးရကို တုန်လှုပ်ချောက်ချားစေခဲ့

By Insideover
11 December 2022
တရုတ်နိုင်ငံအတွင်း ဆန္ဒပြမှုများက ရှီကျင့်ဖျင်အစိုးရကို တုန်လှုပ်ချောက်ချားစေခဲ့

တင်းကျပ်သော ကိုဗစ်-၁၉ အစီအမံများကြောင့် တရုတ်တွင် မကြုံစဖူး မငြိမ်သက်မှုများ ဖြစ်ပွားလာသည်။

တရုတ်နိုင်ငံတစ်ဝန်း အထူးသဖြင့် ကျန်ကျိုး၊ အူရမ်ချီ၊ ကွမ်ကျိုး၊ ရှန်ဟိုင်း၊ ပေကျင်း၊ ထျန်ကျင်း၊ ရှင်ကျန်းနှင် ချုံချင်းကဲ့သို့သော အဓိကမြို့ကြီးများတွင် ပိတ်ဆို့ကန့်သတ်မှုအပေါ် ကန့်ကွက်သည့် ဆန္ဒပြပွဲများ တစ်ပြိုင်နက် ဖြစ်ပွားခဲ့သည်။

ထိုသို့ဆန့်ကျင်ကန့်ကွက်မှုများသည် ၁၉၈၉ ခုနှစ် တီယန်နန်မင်ဖြိုခွင်းမှုနောက်ပိုင်း အကြီးမားဆုံးသော လူထုဆန္ဒပြပွဲဖြစ်ပြီး ပိုမိုပျံ့နှံ့လာနိုင်ဖွယ်ရှိကာ နောက်ဆုံးတွင် အခြေအနေတစ်ခုလုံးကို ပြောင်းလဲသွားစေနိုင်သည်။

တရုတ်သည် တင်းကျပ်သောကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို ဆက်လက်အကောင်အထည်ဖော်နေသည့် တစ်ခု တည်းသော အင်အားကြီးနိုင်ငံဖြစ်ပြီး နိုင်ငံသားများသည် ကန့်သတ်ချက်များကို ၃ နှစ်နီးပါး ကြုံလာရပြီးနောက် ပြန်ဖွင့်ပေးမည့်အချိန်ကို စတင်မျှော်လင့်လာကြသည်။

ပေကျင်းမြို့ရှိ ဆင်ဟွာတက္ကသိုလ်မှ ကျောင်းသားများက "ဒီမိုကရေစီ၊ တရားဥပဒေစိုးမိုးရေး နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်" များကို ကြွေးကြော်ကာ ကိုဗစ်ပိတ်ဆို့မှုများကို ပြောင်ပြောင်တင်းတင်း ဆန့်ကျင်ကန့်ကွက်နေကြသည်ကို အွန်လိုင်းပေါ်သို့ ပျံ့နှံ့လာသော ဗီဒီယိုဖိုင်များတွင် တွေ့မြင်ရသည်။

တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် ယင်းတက္ကသိုလ်မှ ကျောင်းသားဟောင်းဖြစ်ပြီး ထူးခြားသော မြင်ကွင်း များက ကမ္ဘာ့နိုင်ငံများကို အာရုံစိုက်လာစေသည်။

ရှန်ဟိုင်းမြို့မှ လူအုပ်ကြီးက “ကွန်မြူနစ်ပါတီ အာဏာစွန့်လွှတ်၊ ရှီကျင့်ဖျင် ရာထူးကဆင်း” ဟု တစ်ညီတစ်ညွတ်တည်း ကြွေးကြော်နေသည်ကို ဗီဒီယိုများတွင် တွေ့မြင်ရသည်။

တရုတ်နိုင်ငံ ရှင်ကျန်းပြည်နယ်၏ မြို့တော် အူရမ်ချီတွင် လူအသေအပျောက်များသော မီးလောင်မှုဖြစ်ပွားပြီး နောက် နှစ်ပေါင်းများစွာအတွင်း အာဏာရကွန်မြူနစ်ပါတီအပေါ် အဆန့်ကျင်ဆုံး လူထုမကျေနပ်မှုဖြစ်ရပ် ပေါ်ပေါက်လာခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required