ရွှေ့ပြောင်းသူများ ဝင်ရောက်ရာ လမ်းကြောင်းကို ပိတ်ရန် အရေးပေါ် ထိပ်သီးဆွေးနွေး

ရွှေ့ပြောင်းသူများ ဝင်ရောက်ရာ လမ်းကြောင်းကို ပိတ်ရန် အရေးပေါ် ထိပ်သီးဆွေးနွေး

ဒုတိယကမ္ဘာ့စစ်နောက်ပိုင်း အီးယူအနေဖြင့် အဆိုးဆုံးရင်ဆိုင်နေရသည့် ဒုက္ခသည်များ ဝင်ရောက်မှုပြဿနာအား ဖြေရှင်းအတွက် တူရကီနှင့် အီးယူခေါင်းဆောင်များ အရေးပေါ် ထိပ်သီး ညီလာခံကျင်းပရေး ဘရပ်ဆဲလ်တွင် စုရုံးရောက်ရှိနေသည်။

ရွှေ့ပြောင်းသူများ စီးဝင်မှု တန့်သွားရေးအတွက် အီးယူက ဘယ်ကန်ကိုဖြတ်လျက် မြောက်ပိုင်းသို့ လမ်းကြောင်းကို ပိတ်ပစ်ရန် လိုလားလျက်ရှိသည်။

စီးပွားရေးအလုပ်အကိုင်အရ ရွှေ့ပြောင်းဝင်ရောက်လာသူများကို ပြန်လည်ခေါ်ယူရေးအတွက် တူရကီအား ဖိအားပေးသွားမည်ဖြစ်ကာ ပေါင် သုံးဘီလီယံ ထောက်ပံ့ကူညီရန်လည်း ကတိပြုထား ပြီးဖြစ်သည်။

ပြီးခဲ့သည့်နှစ်က အီးယူသို့ လှေများဖြင့် တရားမဝင်ရွှေ့ပြောင်းဝင်ရောက်သူ တစ်သန်းကျော် ထက်မနည်း ဝင်ရောက်ခဲ့ပြီး အများစုက တူရကီမှ ဂရိသို့ ထွက်ခွာကြသည်။

ဂရိသို့ သွားသည့် ရွှေ့ပြောင်းသူအများစုမှာလည်း အီယူသို့ ဝင်ရောက်ရေးအတွက်ဖြစ်သော် လည်း အီးယူရှစ်နိုင်ငံက နယ်စပ်များတွင် ထိန်းချုပ်မှုများ ပြုလုပ်လာလျက်ရှိသည်။

ခရိုအေးရှား၊ ဟန်ဂေရီနှင့် ဆလိုဗားနီးယားတို့က ၎င်းတို့၏ နယ်စပ်များကို ပိတ်ထားရာ ဂရိ မြောက်ပိုင်းတွင် ရွှေ့ပြောင်းဝင်ရောက်သူပေါင်း ၁၃၀၀၀ နီးပါး သောင်တင်လျက်ရှိနေသည်။ သို့သော် ရွှေ့ပြောင်းဝင်ရောက်သူများက စီးဝင်မှု မပြတ်မသွားပဲ ရှိနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly