သွေးကြွေးကို ဆွေးနွေးပြီး အဆုံးသတ်မလို့လား (ဆောင်းပါး)

သွေးကြွေးကို ဆွေးနွေးပြီး အဆုံးသတ်မလို့လား (ဆောင်းပါး)

အာဏာရှင်တော်လှန်ရေးအတွက် ခုခံတွန်းလှန်စစ်ကြေညာခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ဟာ တော်လှန်ရေးကာလတစ်နှစ်ကျော်ရောက်လာချိန်မှာ စစ်ကောင်စီနဲ့ ဆွေးနွေးရေးကိစ္စကို ပထမဆုံးအကြိမ် အသံထွက်လာပါတယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမှာပါဝင်လာတဲ့လူထုကို ဦးဆောင်မှုအနေနဲ့ အမျိုး သားညီညွတ်ရေးအစိုး(NUG)ဟာ ၂၀၂၁ ခုနှစ် စက်တင်ဘာ ၇ ရက်မှာ ခုခံတွန်းလှန်စစ်ကိုကြေညာပြီး အာဏာ ရှင်တော်လှန်ရေးကို ဆင်နွှဲခဲ့တာဖြစ်ပါတယ်။ အခုဆိုရင် အာဏာရှင်တော်လှန်ရေးဟာ တစ်နိုင်ငံလုံးအတိုင်း အတာနဲ့ အောင်မြင်မှုလမ်းစပေါ်ကို ခြေတစ်ဖက်လှမ်းထားနိုင်ခဲ့ပြီလို့ ယုံကြည်ပါတယ်။ ဒီလိုအချိန်မှာ NUG ယာယီသမ္မတ ဒူဝါလရှီးလက ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ အချက် ၅ ချက်ကို လိုက်လျောမယ်ဆိုရင် စစ်ကောင်စီနဲ့ ဆွေးနွေးကောင်း ဆွေးနွေးမယ်လို့ ဆိုလိုက်ပါတယ်။ မြန်မာ့အရေး ပြဿနာဖြေရှင်းဖို့ နိုင်ငံတကာ ကိုယ်စားလှယ်တွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွတ်လပ်စွာ တွေ့ဆုံဆွေးနွေးမှသာ ပြေလည်ရေးလမ်းစ ရမယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီက ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့သလို အာဆီယံထိပ်သီးအစည်းအဝေးမှာလည်း ဒေသတွင်းနိုင်ငံခေါင်းဆောင်တွေက တွေ့ဆုံညှိနှိုင်း ရေး လမ်းကြောင်းကို ဆက်သွားဖို့ဆုံးဖြတ်ခဲ့အပြီး အခုလို NUG ရဲ့ ဆွေးနွေးရေး အသံထွက်လာခဲ့တာလည်းဖြစ်ပါ တယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly