နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၁ ဒီဇင်ဘာ ၂၀၂၂ )

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၁ ဒီဇင်ဘာ ၂၀၂၂ )

အမျိုးသားညီညွတ်ရေး အစိုးရ

· ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ပူးပေါင်းတိုက်ပွဲဝင်နေသည့် CDM စစ်သည်တစ်ဦး၏ ဇနီးအတွက် မီးဖွားစားရိတ်ထောက်ပံ့ပေးခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက သိရသည်။

· မင်းအောင်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်အုပ်စုဟာ နိုင်ငံတော်အာဏာကို လက်နက်အားကိုး၊ လုယူပြီး နောက် ကျေးလက်ရောမြို့ပြပါမကျန် ပြည်သူများ၏ နေအိမ်ကို အတင်းအဓမ္မ ဖျက်ဆီးနေခြင်းကြောင့် ကျူးလွန်သည့်အကြမ်းဖက်စစ်ကောင်စီဝန်ထမ်းများနှင့် အကြမ်းဖက်စစ်‌ကောင်စီအပေါင်းအပါများကို ထိထိ ရောက်ရောက်အရေးယူမည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရက ထုတ်ပြန်ကြေညာသည်။

· ရန်ကုန်နှင့် မန္တလေးလို မြို့ပြတွင် နေအိမ်တွေကိုဖြိုဖျက်ခိုင်းနေခြင်းသည် လူထု ပိုမိုကျပ်တည်း ခက်ခဲ စေရန်နှင့် ပြည်သူ့တော်လှန်ရေးအားပျော့လာစေရန် စစ်ကောင်စီဘက်က ဆောင်ရွက်မှုဆိုပြီး အမျိုးသား ညီညွတ်ရေး အစိုးရမှ ပြောသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

· လောင်းလုံးမြို့နယ် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။

· မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ သဲတောလေးကျေးရွာတွင် နေထိုင်သော ပျူစောထီး မောင်ရှိန်ကို WTRF အဖွဲ့မှ ပစ်ခတ်တိုက်ခဲ့ပြီး သေဆုံးသွားကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

· ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ ဖိကဆင် ၁၂၂ လမ်း ဆွမ်းလောင်းပွဲ၌ UG Family အဖွဲ့က ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ရရှိရေး အလှူခံ ရရှိငွေ လိုက်လံကောက်ခံလျက်ရှိပြီး ဘတ်ငွေ ၁၀၈၀၀ ဘတ် ရရှိကြောင်း သိရသည်။

· တောင်ကိုရီးယားနိုင်ငံ၊အူဆန်မြို့နှင့် ဂွမ်ဂျူးလေး (မန်းရတနာပုံမြန်မာဆိုင်) များတွင် မြန်မာနိုင်ငံစစ်အာဏာ သိမ်းမှု အလိုမရှိကြောင်း ဆန့်ကျင်ဆန္ဒပြပွဲ၊နွေဦးတော်လှန်ရေးထောက်ပို့နိုင်ရေး အတွက်ရန်ပုံငွေရရှိရေး နှိုးဆော် စည်းရုံးရေးပွဲများကို ဒယ်ဂူးဆရာတော် ဦးဆောင်၍ ကျင်းပသည်။

· မလေးရှား NLD(OC)က ကြီးမှူး၍ စစ်တပ်၏ စစ်ကြောင်းထိုး၊ သတ်ဖြတ်၊ မီးရှို့မှုကြောင့် အတိဒုက္ခ ရောက် နေရ သည့် စစ်ဘေးရှောင်ပြည်သူများ အတွက် ရန်ပုံငွေ ရှာဖွေရေး ဖျော်ဖြေပွဲကို မလေးရှားနိုင်ငံ Selayan ရှိ IDEAL Convention Centerတွင် ကျင်းပခဲ့ကြသည်။

· အမေရိကန်၊ နယူးယောက်တွင် "လူ့အခွင့်အရေးတွေပြန်ရဖို့ အမိမြန်မာပြည် ကိုကယ်တင်စို့ " ကြွေးကြော်သံဖြင့် ချီတက် ဆန္ဒပြခဲ့ကြသည်။

· အိန္ဒိယနိုင်ငံ ၊ မီဇိုရမ်ပြည်နယ် ၊ အိုက်ဇောလ်မြို့တွင် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့နှင့် စစ်ဘေးရှောင်များအတွက် ရန်ပုံငွေဈေးရောင်းပွဲကို Network for Myanmar မှ ဦးစီးကျင်းပခဲ့ကြောင်း သိရသည်။

· အကြမ်းဖက်စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်နေပြီး အမေရိကန်ဒေါ်လာ သန်း ပေါင်း များစွာ စစ်ကောင်စီ အတွက် ဝင်ငွေရှာပေးနေသည့် ထိုင်း PTT ကုမ္ပဏီ ၏ ထုတ်ကုန်များ၊ ဖက်စပ် ကုမ္ပဏီများ၏ ထုတ်ကုန်များကို သပိတ် မှောက် ဆန့် ကျင်ရန် ပြည်သူများကို သွေးစွန်း ငွေဖြတ်တောက်ရေးအဖွဲ့က နှိုးဆော် သည်။

· ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်၊ လှည်းကူးကျေးရွာအုပ်စု၊ ကောင်းစည်ကျေးရွာ အနောက်ဘက်ရှိ စစ်တပ်ပိုင် Mytel တာဝါတိုင်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဖြစ်ကြသည့် ရိုးမရာဇာအဖွဲ့နှင့် သခင်ကိုယ်တော် မှိုင်းတို့က မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

· ရန်ကုန်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေးနှင့် သေဒဏ်ကျ အကျဉ်းသား များ အတွက် လူငယ်များက ယနေ့ နံနက်ပိုင်း မြို့နေရာအနှံ့အပြားတွင် ဆန္ဒပြကြ သည်။

· အကြမ်းဖက်စစ်အာဏာရှင် အမြစ်ဖြတ် ချေမှုန်းရေး စစ်ကိုင်းတိုင်း၊ ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ဒီဇင်ဘာ ၁၁ ရက် ယနေ့နံနက်၌ ၆၄၀ ရက်မြောက် အဖြစ် ချီတက်ဆန္ဒပြကြသည်။

· မကွေးတိုင်း၊ မြိုင်မြို့နယ်တွင်ခရီးသွားပြည်သူများကို ဆက်ကြေး ကောက် နေ သည့် ကိုင်းတောမရေစက်တွင်း စောင့် အကြမ်း ဖက်စစ်ကောင်စီ ၅ ဦးကို မိုင်း ဆွဲတိုက်ခိုက်ရာ ၂ ဦးသေပြီး နှစ်ဦးဒဏ်ရာရသွားကြောင်း မြိုင် ပကဖ တပ်ရင်း ၁ ခေါင်းဆောင် ဗိုလ်လင်္ကျာကပြောသည်။

· တနင်္သာရီတိုင်း၊ ပုလောမြို့နယ်ရှိ လက္ကူးကျေးရွာတွင် ဒေသခံများ၏ တိုင်တန်းချက် အရ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က ရှောင်တခင် ဝင်ရောက်စစ်ဆေးရာ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိကြောင်း မြိတ်ခရိုင် တပ်ရင်း (၁) ပြန်ကြားရေးအဖွဲ့ထံက သိရသည်။

· တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်ရှိ မောင်းမကန်ကျေးရွာရှိ နယ်မြေရဲစခန်း တိုက်ခိုက်ခံရပြီး နောက် အဆိုပါရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်သုံးဦး လက်နက်နှင့်အတူထွက်ပြေးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

တိုင်းရင်းသား လက်နက်ကိုင်များ

· ပအိုဝ်းပြည်သူများအနေဖြင့် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတိုက်ပွဲ၊ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေ မှုန်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တိုက်ပွဲတို့တွင် ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ(PNFC) နှင့်အတူ ဆထက်ထမ်းပိုးလက်တွဲ၍ တိုက်ပွဲဝင်ကြရန် PNFCက ယနေ့ ပန်ကြားလိုက်သည်။

· ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) ဗဟိုကောင်စီ၏ (၂၉-၁၀-၂၀၂၂) ရက်နေ့ ပုံမှန်အစည်းအဝေး ဆုံးဖြတ်ချက် အရ “ချင်းအမျိုးသားအဖွဲ့ချုပ် (ကလေးဒေသကော်မတီ)” အား “ချင်းအမျိုးသားအဖွဲ့ချုပ် (အထက်ချင်းတွင်း ဒေသကော်မတီ)” ဟုအမည်ပြောင်းလဲသတ်မှတ်လိုက်သည်။

· ကရင်အမျိုးသားအစည်းအရုံး ဗဟိုဌာန ချုပ်တွင် ပြုလုပ်သည့် ၇၄ကြိမ်မြောက် နိုင်ငံတကာလူ့အခွင့်အရေးနေ့ အခမ်းအနား၌ “ကိုယ့်ကျိုးမစွန့်ဘဲ ခေါင်းဆောင်လုပ်ရင် မင်းအောင်လှိုင်လို ငွေဓနတွေ နည်းမှာမဟုတ်ဘူး”ဟု ပဒိုစောသမိန်ထွန်းက ပြောသည်။

· ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နမ့်ဆန်မြို့အနီးတွင် စစ်ကောင်စီတပ်နှင့် တအာင်းတပ်(TNLA)တို့အကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေကာ ဒေသခံ ၁၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း PSLF/TNLA ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

စစ်ကောင်စီ

· လူ့အခွင့်ရေးကို လေးစားလိုက်နာကျင့်သုံးသည့် လူ့အဖွဲ့စည်းတစ်ရပ် ဖြစ်ထွန်းလာရေးအတွက် သက်ဆိုင်သူ အားလုံးဝိုင်းဝန်းဆောင်ရွက်ရန် အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြောကြား ခဲ့သည်။

· တနင်္သာရီတိုင်း၊ ပင်လယ်ပြင်တွင် စက်လှေပျက်၍ မျောပါနေသည့် ရိုဟင်ဂျာ ၁၅၀ ကျော်ကို စစ်ကောင်စီ၏ မြိတ်ကျွန်းစုရေတပ်စခန်းက ခေါ်ယူထိန်းသိမ်း ထားကြောင်း သိရသည်။

· ဂုဏ်ထူးဆောင်ဘွဲ့ ရရှိသူများအား (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် ချီးမြှင့်မည်ဖြစ်ရာ ကိုယ်တိုင်သော်လည်းကောင်း ၊ မိသားစုဝင်တစ်ဦးမှ ကိုယ်စားသော်လည်းကောင်း ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်အပ်နှင်းခြင်းအခမ်းအနားသို့ တက်ရောက် နိုင်ရေးအတွက် ဆက်သွယ်ကြရန် စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဒီဇင်ဘာ ၁၀ ရက် သုံးသပ်ချက်

· အာဏာသိမ်းပြီးကတည်းက မင်းအောင်လှိုင်ဦးဆောင်သည့်စစ်တပ်သည် နိုင်ငံအနှံ့ လူ့အခွင့်အရေး ဆိုးရွာစွာ ဖောက်ဖျက်ဖိနှိပ်မှုများရှိနေသော်လည်း အကြမ်းဖက်မင်းအောင်လှိုင်က လူ့အခွင့်အရေးနေ့ အခမ်းအနားတွင် လူ့အခွင့်အရေးကို လေးစားလိုက်နာကြပါ၊ သက်ဆိုင်သူများ အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြပါဟု နှုတ်မှပြောထွက်ရဲသည်ကို အံ့ဩစိတ်ပျက်ဖွယ်တွေ့ရသည်။

· မြောက်ပိုင်းမဟာမိတ်အဖွဲ့ဝင်ဖြစ်သည့် အေအေနှင့်အပစ်ရပ်ပြီးနောက် ရုတ်တရက် TNLA နယ်မြေတွင် အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာသည်။သို့သော် TNLA မှ အငိုက်မိသွားခြင်းမရှိဘဲ အကြမ်းဖက်စစ်တပ်ကို ခုခံနိုင်နေတာကြောင့် လေကြောင်းပစ်ကူ၊လက်နက်ကြီးပစ်ကူ၊လေကြောင်းမှ စစ်ကူချထားပေးခြင်းများ လုပ်ဆောင်နေရသည်။တိုက်ပွဲမှာ ဆက်တိုက်ဖြစ်နေသည့်အတွက် အကြမ်းဖက်စစ်တပ်၏ လက်နက်ကိုင် ခြင်းမနိုင်လျှင် ပြည်သူကို ဒုက္ခပေးလေ့ရှိတာကြောင့် ဒေသခံထောင်နှင့်ချီ၍ နေရပ်စွန့်ခွာထွက်ပြေး လာနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly