မဇ္ဈိမ။ ။ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်ရှိ ရွှေနွယ်သွေးသပိတ်စစ်ကြောင်းသည် ယနေ့ ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် ဆက်လက်ချီတက် ဆန္ဒပြကြသည်။
သပိတ်စစ်ကြောင်းသည် ကမ္ဘာ့လူ့အခွင့်အရေးနေ့ အထိမ်းအမှတ်အဖြစ် "သွေးမအေးတဲ့ ရွှေနွယ်သွေး" စာသားပါဘန်နာနှင့် "တောင်ယာခုတ်ဓါး ညီစေသား" စာသားပါ ဘန်နာတို့ကို ကိုင်ဆွဲ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ၅၈၀ ရက်မြောက်နေ့အဖြစ် ချီတက်သပိတ်မှောက်ကြခြင်း ဖြစ်သည်။
စာတည်း။ ။ဖူးသိမ်ကျ