တောင်တရုတ်ပင်လယ်ရှိ တရုတ်စစ်စခန်းများက ဒေသတွင်းမြေပြင်အနေအထားကို အန္တရာယ်ဖြစ်စေ

တောင်တရုတ်ပင်လယ်ရှိ တရုတ်စစ်စခန်းများက ဒေသတွင်းမြေပြင်အနေအထားကို အန္တရာယ်ဖြစ်စေ

တောင်တရုတ်ပင်လယ်ရှိ လူလုပ်ကျွန်းများကို တရုတ်စစ်တပ်က စစ်ရေးအရ အသုံးချမှုကြောင့် ဒေသတွင်း မြေပြင်အနေအထားတည်ငြိမ်မှုမှာ အန္တရာယ်ရှိနေသည်။

တရုတ်က လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်း အငြင်းပွားဖွယ်တောင်တရုတ်ပင်လယ်ရှိ ပါရာဆယ်ကျွန်းစုများတွင် ကင်းစခန်း ၂၀ နှင့် စပါတလေကျွန်းစုတွင် ကင်းစခန်း ၇ ခုဖြင့် စစ်စခန်းချထားမှုသည် ထိုဒေသတစ်ဝိုက်ရှိ နိုင်ငံများနှင့် လွတ်လပ်စွာ ရေကြောင်းသွားလာခွင့်ကို အလေးထားသူတိုင်းအတွက် အလွန် စိုးရိမ်စရာဖြစ်ကြောင်း The Geneva Daily က ဖော်ပြခဲ့သည်။

အနီးကပ် စစ်ဆေးမှုများအရ ယင်းစစ်စခန်းများသည် ထင်ထားသလောက် ကြံ့ခိုင်မှုမရှိကြောင်း တွေ့ရသည်ဟု ဆိုသည်။

ကျွန်းများကို လျင်မြန်စွာ တည်ဆောက်ခဲ့ခြင်းကြောင့် တည်ဆောက်မှု မပြီးစီးမီတွင် လုံလောက်သောဖြစ်နိုင်ခြေလေ့လာမှု သို့မဟုတ် ပတ်ဝန်းကျင်ဆိုင်ရာ အကျိုးသက်ရောက်မှုကို ခွဲခြမ်းစိတ်ဖြာခြင်းများ မပြုလုပ်ခဲ့ပေ။

တောင်တရုတ်ပင်လယ်၏ တိုက်စားပျက်စီးစေတတ်သောရေနှင့် ရာသီဥတုကြောင့် ကွန်ကရစ်အဆောက်အုံများ၏ ခံနိုင်ရည်သက်တမ်းမှာ ၂၅ နှစ်အောက်သာ ရှိကြောင်း Geneva Daily က ဖော်ပြထားသည်။

ကင်းစခန်းများသည် အရွယ်အစားနှင့် တည်ဆောက်ပုံကောင်းမွန်သော်လည်း နေထိုင်ရန် အဆင်မပြေသောကြောင့် လူသူသိပ်မရှိပေ။

ရေချိုအရင်းအမြစ်များ အထူးသဖြင့် သောက်သုံးရေ ရှားပါးမှုက အဓိက ပြဿနာဖြစ်နေပြီး ကျွန်းများသည် ရေရှည်နေထိုင်သူများအတွက် ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေကြောင်း လေ့လာမှုများက ဖော်ပြနေသည်။

ထိုကျွန်းများ၌ နေထိုင်သူများသည် အဆစ်အမြစ်ကိုက်ခဲခြင်း၊ အရေပြားရောဂါများ၊ သွားနှင့်ခံတွင်းရောဂါများမှအစ အသက်ရှုလမ်းကြောင်းပိုးဝင်ခြင်း၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာ ရောဂါ ဦးခေါင်းနှင့်လည်ပင်းဆိုင်ရာရောဂါများအထိ ဖြစ်ပွားကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly