တရုတ်ဆန္ဒပြမှုများက တိဗက်နှင့် လူနည်းစုအုပ်စုအားလုံးကို အာရုံစိုက်လာစေနိုင်ဟု တိဗက်ပညာရှင် ပြောကြား

တရုတ်ဆန္ဒပြမှုများက တိဗက်နှင့် လူနည်းစုအုပ်စုအားလုံးကို အာရုံစိုက်လာစေနိုင်ဟု တိဗက်ပညာရှင် ပြောကြား

တိဗက်နှင့် တရုတ်တွင် ပိတ်ဆို့ကန့်သတ်မှုဆန့်ကျင်ရေးဆန္ဒပြမှုများက တိဗက်နှင့် အခြားလူနည်းစုအုပ်စုများကို ပိုမိုအာရုံစိုက်လာစေရေးအတွက် အခွင့်အလမ်း ဖြစ်လာနိုင်ကြောင်း တိဗက်ပညာရှင်နှင့် တက်ကြွလှုပ်ရှားသူ ဒေါက်တာ ဂယ်လ်လိုက ပြောကြားလိုက်သည်။

နှစ်ပေါင်းများစွာအတွင်း အစိုးရ၏ မူဝါဒများက တိဗက်နှင့်လူနည်းစုများ၏ အခွင့်အရေးများကို မည်ကဲ့သို့ အကျိုးသက်ရောက်နေကြောင်းကို လူအများက ဆွေးနွေးလာနိုင်ကြောင်း ဂယ်လ်လိုက Phayul နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။

အနောက်နိုင်ငံများနှင့် ဥရောပနိုင်ငံများအနေဖြင့် လူ့အခွင့်အရေးနှင့်ပတ်သက်ပြီး တရုတ်ကို ဖိအားပေးရန် စည်းလုံးညီညွတ်မှုကို ပိုမိုပြသရမည့် အရေးကြီးသောအချိန်ရောက်နေပြီဖြစ်ကြောင်း ဒေါက်တာ ဂယ်လ်လိုက အလေးအနက် ပြောကြားခဲ့သည်။

တရုတ်တွင် လက်ရှိ ဖြစ်ပွားနေသည့် ဆန္ဒပြပွဲများနှင့် ပတ်သက်၍ ဒေါက်တာ ဂယ်လ်လိုက "ဆန္ဒပြပွဲတွေက ပြဿနာကို အရှိန်မြှင့်ပေးလိုက်တာပါ။ ကျွန်တော်တို့က တရုတ်ကို ဖိအားမပေးရင် အရှုံးနဲ့ ရင်ဆိုင်ရလိမ့်မယ်" ဟု ဆိုသည်။

လူဇင်ဘတ်ရှိ Amis du Tibet အသင်းနှင့် ဒေါက်တာ ဂယ်လ်လိုတို့ ပူးပေါင်းပြုလုပ်ခဲ့သည့် ဆွေးနွေးပွဲအပြီးတွင် လူဇင်ဘတ်ဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး အဆိုပါပြောဆိုချက်များသည် မှန်ကန်မှုမရှိကြောင်းနှင့် ယခင်အချိန်က တိဗက်တွင် ပညာရေးအတွက် သင့်လျော်သည့် စာသင်ကျောင်း တစ်ကျောင်းမျှပင် မရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

အာဏာပိုင်များသည် တိဗက်ကလေး ၈၀,ဝဝဝ ကျော်ကို ဘော်ဒါဆောင်ကျောင်းများသို့ အတင်းအကျပ်ပို့ပြီး တိဗက်ဘာသာစကားဖြင့်သင်ကြားခွင့်ကိုလည်း ပိတ်ပင်ထားကြောင်း တိဗက်လှုပ်ရှားမှုအဖွဲ့၏ အစီရင်ခံစာကို ကိုးကား၍ Phayul သတင်းဌာနက ဖော်ပြခဲ့သည်။

ဒေါက်တာ ဂယ်လိုကလည်း တရုတ်သံရုံး၏ ထုတ်ပြန်ချက်သည် လုံးဝ အလိမ်အညာဖြစ်ကြောင်း ပြန်လည်ချေပခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly