အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက် ချီတက်

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့ အထိမ်းအမှတ် ရွာပေါင်းစုံ သပိတ်စစ်ကြောင်း ဆက်လက် ချီတက်

ဒီဇင်ဘာလ ၁၀ ရက်

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြို့နယ် မြောက်ခြမ်းရှိ ကျေးရွာများစုပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဒီဇင်ဘာလ ၁၀ရက် အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အထိမ်းအမှတ် ချီတက်ဆန္ဒပြကြသည်။

လူထုသပိတ်စစ်ကြောင်းသည်”လူဖြစ်ခြင်းရဲ့ပြည့်ဝတဲ့အဓိပ္ပါယ် တို့တော်လှန်မှ ရလိမ့်မယ်” ဆိုသည့်စာတမ်း ကို ကိုင်ဆွဲပြီး စစ်အာဏာရှင် ဆန့်ကျင်ရေး ကြွေးကြော် သံများဟစ်ကြွေးချီ တက်ခဲ့ကြသည်။

ယင်းနောက် လူ့အခွင့်အရေးနေ့အထိမ်းအမှတ် အဖြစ် ထိုင်သပိတ် တွင် ဟောပြော ပွဲကျင်းပကာ ကျဆုံးခဲ့သော အာဇာနည်များကို အလေးပြုခဲ့ကြသည်။

ရွာပေါင်းစုံသပိတ်စစ်ကြောင်းသည် ဆန္ဒပြရက်ပေါင်း (၆၃၉) ရက်မြောက်အဖြစ် ချီတက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဆာလင်းကြီးမြို့နယ် မြောက်ခြမ်းနှင့် ယင်းမာပင်မြို့နယ် အရှေ့ခြမ်းရှိ ရွာပေါင်းစုံ သပိတ်စစ်ကြောင်းသည် ၂၀၂၁ ခုနှစ်၊ မတ်လ ၉ ရက် နေ့မှစတင် ဆန္ဒပြခဲ့ခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly