ပါကစ္စတန်တွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရဲ ၃ ဦး သေဆုံး

ပါကစ္စတန်တွင် အကြမ်းဖက်သမားများ၏ တိုက်ခိုက်မှုကြောင့် ရဲ ၃ ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ ခိုင်ဘာ ပက်ခ်တွန်ခဝါပြည်နယ် နောင်းရှီးရားခရိုင် အာကိုရာ ခါတက်ခ်မြို့တွင် ဒီဇင်ဘာ ၃ ရက်က အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ရဲ ၃ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးတာဝန်ရှိသူများက ပြောသည်။

“ဒီ တိုက်ခိုက်ခံရမှုဖြစ်စဉ်မှာ ရဲ ၃ ယောက် သေဆုံးခဲ့ပါတယ်” ဟု နောင်းရှီးရားခရိုင် ရဲတပ်ဖွဲ့မှ ပြောရေး ဆိုခွင့်ရှိသူ ဒါရန်နီက Dawn.com ကို ပြောသည်။ တိုက်ခိုက်သူများသည် ရဲကားတစ်စီးကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု သူက ပြောသည်။

တိုက်ခိုက်မှုဖြစ်ပြီးနောက် ရဲတပ်ဖွဲ့သည် အဆိုပါ နေရာသို့ ရောက်ရှိသွားပြီး ဧရိယာကို ပိတ်ဆို့ကာ ရှာဖွေမှုများ လုပ်ဆောင်ခဲ့ကြောင်း ဒါရန်နီက ပြောသည်။

ရှာဖွေမှု စစ်ဆင်ရေးကို လုပ်ဆောင်ဆဲဖြစ်ပြီး ရဲများသည် ဖြစ်စဉ်နှင့်ပတ်သက်သည့် အသေးစိတ် အချက်အလက်များ၊ တိုက်ခိုက်သူများနှင့်ပတ်သက်ပြီး အချက်အလက်များကို စုံစမ်းနေကြောင်း ဒါရန်နီက ပြောသည်။

အကြမ်းဖက်သမားများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် ရဲများသည် ရဲအရာရှိ မန်ဇူအာနှင့် ရဲတပ်သားများဖြစ်ကြသည့် အာမန်နူလာနှင့် အာယက်ဇ်တို့ ဖြစ်ကြကြောင်း ခိုင်ဘာ ပက်ခ်တွန်ခဝါ ရဲဌာနက ထုတ်ပြန်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly