အကြမ်းဖက်မှုနှင့် ကြုံရနိုင်သည့် အန္တရာယ်ရှိသော နိုင်ငံများစာရင်းတွင် ပါကစ္စတန်က ထိပ်ဆုံးတွင် ရှိနေ

By The Print
09 December 2022
အကြမ်းဖက်မှုနှင့် ကြုံရနိုင်သည့် အန္တရာယ်ရှိသော နိုင်ငံများစာရင်းတွင် ပါကစ္စတန်က ထိပ်ဆုံးတွင် ရှိနေ

လူအစုအပြုံလိုက် သတ်ဖြတ်ခံရမှုနှင့် ကြုံတွေ့ရနိုင်သည့် အန္တရာယ်ရှိသော နိုင်ငံများစာရင်းတွင် ပါကစ္စတန်သည် ထိပ်ဆုံးတွင် ရှိနေသည်ဟု အမေရိကန် think-tank (နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးအကြံပေးအဖွဲ့) တစ်ခုဖြစ် သည့် Early Warning Project ၏ အစီရင်ခံစာသစ်တစ်ရပ်တွင် ဖော်ပြသည်။

“ပါကစ္စတန်မှာ တီရစ်-အီ-တာလီဘန် ပါကစ္စတန် (တီတီပီ) အဖွဲ့ရဲ့ အကြမ်းဖက်မှုတွေ တိုးလာတာ အပါအဝင် လုံခြုံရေးနဲ့ လူ့အခွင့်အရေးဆိုင်ရာ စိန်ခေါ်မှု ပေါင်းစုံနဲ့ ရင်ဆိုင်နေရတယ်” ဟု Early Warning Project ၏ အစီရင်ခံစာတွင် ထုတ်ဖော်ထားကြောင်း al Arabiya News က ဖော်ပြသည်။ Early Warning Project သည် လူအများအပြား အကြမ်းဖက်ခံရနိုင်သည့် အန္တရာယ်ရှိသော နိုင်ငံများကို ခွဲခြားရွေးထုတ်သည့် သုတေသန အဖွဲ့တစ်ခုဖြစ်သည်။

ပါကစ္စတန်တာလီဘန် (TTP) အဖွဲ့၏ အကြမ်းဖက်မှုက နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းများနှင့် ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည့် ပါကစ္စတန်နိုင်ငံအတွက် အဓိကစိန်ခေါ်မှုတစ်ခု ဖြစ်ကြောင်း အစီရင်ခံစာတွင် ရေးသားသည်။

တီရစ်-အီ-တာလီဘန် ပါကစ္စတန် (TTP) အဖွဲ့သည် အစိုးရနှင့် သဘောတူထားသည့် အပစ်ရပ်စဲရေး သဘောတူညီချက်ကို မကြာသေးခင်က ဖျက်သိမ်းခဲ့မှုက ပါကစ္စတန်၏ လုံခြုံရေးအတွက် ကြီးလေးသော စိန်ခေါ်မှုတစ်ခု ဖြစ်စေခဲ့သည်။

အဆိုပါအဖွဲ့သည် ပြီးခဲ့သည့် ဇွန်လက အစိုးရနှင့် သဘောတူခဲ့သော အပစ်ရပ်စဲမှုကို ဖျက်သိမ်းပြီး နိုင်ငံတစ်ဝန်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အဖွဲ့သားများကို ညွှန်ကြားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required