ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ဆောက်လုပ်ထားသော အိမ်များ ဖြိုဖျက်ခံရ

ပါကစ္စတန် ဂီဂစ် ဘောလ်တီစတန်တွင် ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ဆောက်လုပ်ထားသော အိမ်များ ဖြိုဖျက်ခံရ

ပါကစ္စတန်နိုင်ငံ ဂီဂစ် ဘောလ်တီစတန်ဒေသတွင် ရေဘေးသင့်ပြည်သူများအတွက် ရည်ရွယ်ဆောက်လုပ်ထားသော အိမ်များ ဖြိုဖျက်ခံရခြင်းကြောင့် ဒေသခံများ စိတ်ဆိုးဒေါသထွက်ခဲ့ကြသည်။

အဆိုပါ အိမ်များကို ဘူဒိုဇာများဖြင့် ထိုးပြီး ဖြိုဖျက်ပစ်ရန် ဂီဂစ် ဘောလ်တီစတန်ဒေသ၏ လက်ထောက် ကော်မရှင်နာက ဒေသတာဝန်ရှိသူတို့ကို နိုဝင်ဘာ ၂၉ ရက်တွင် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ရှီးယိုက်အဖွဲ့အစည်းတစ်ခုဖြစ်သည့် Anjuman Hussainia Nagar လူမှုဘဝဖူလုံရေးအဖွဲ့က Gilgit Square ဧရိယာတွင် အိမ်များကို ဆောက်လုပ်ပေးခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ အိမ်များ ဖြိုဖျက်ခံရခြင်းကြောင့် ဒေသရှိ ပြည်သူတို့၏ စိတ်ထဲတွင် ဖိနှိပ်ချုပ်ချယ်ခံရခြင်း သို့မဟုတ် ဒုတိယတန်းစား နိုင်ငံသားများအဖြစ် ဆက်ဆံခံရခြင်း ဆိုသည့် ခံစားချက်များ ဖြစ်ပေါ်လျက် ရှိသည်။

ပန်ချာပီအများစု အပါအဝင် ဒေသခံ မဟုတ်သည့် ဗျူရိုကရက် အရာရှိများက အစိုးရကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိနေသူများသဖွယ် အသုံးချပြီး သာမန်ပြည်သူများကို ကျေးကျွန်များသဖွယ် ဆက်ဆံနေမှုအပေါ် ဂီဂစ် ဘောလ်တီစတန်ဒေသခံများ စိတ်အနှောင့်အယှက် ဖြစ်နေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required