အဓမ္မခေါ်ဆောင်မှုဖြစ်စဉ်များ မြင့်တက်နေသည့် ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် အမျိုးသမီးများ၏ ဘဝ လုံခြုံမှုမရှိဘဲဖြစ်နေ

By Always First
09 December 2022
အဓမ္မခေါ်ဆောင်မှုဖြစ်စဉ်များ မြင့်တက်နေသည့် ပါကစ္စတန် ဆင်းဒ်ပြည်နယ်တွင် အမျိုးသမီးများ၏ ဘဝ လုံခြုံမှုမရှိဘဲဖြစ်နေ

ပါကစ္စတန်နိုင်ငံ ဆင်းဒ်ပြည်နယ်တွင် အမျိုးသမီးများသည် ဘေးကင်းလုံခြုံမှု မရှိသည့် အခြေအနေအောက်တွင် ဆက်ရှိနေပြီး အမျိုးသမီးတချို့ ပြန်ပေးဆွဲခေါ်ဆောင်ခံရသည့် ဖြစ်စဉ်များလည်း ဖြစ်ပေါ်ထားသည်။ မကြာသေးခင်က အသက် ၁၅ နှစ်အရွယ် မိန်းကလေးတစ်ဦး လာကာနာမြို့ အလာဟာဘတ် ရဲစခန်း ဧရိယာမှ ပြန်ပေးဆွဲခေါ်ဆောင်ခံရသည့် ဖြစ်စဉ်တစ်ခု ပေါ်ပေါက်ခဲ့သည်။

ဆာအီမာ မာကရာနီ ဘာလို့ချ် အမည်ရ အသက် ၁၅ နှစ်ရှိ မိန်းကလေးငယ်တစ်ဦးသည် ဆင်းဒ်ပြည်နယ် လာကာနာမြို့ အလာဟာဘတ် ရဲစခန်းအပိုင်နယ်မြေမှ ပြန်ပေးဆွဲခံလိုက်ရခြင်း ဖြစ်ကြောင်း ပါကစ္စတန် တိုင်းရင်းမီဒီယာ Jasarat က ဖော်ပြသည်။

ဆာအီမာ ပြန်ပေးဆွဲခံရပြီးနောက် သူမ၏ မိသားစုဝင်များက ဆန္ဒထုတ်ဖော်ခဲ့ပြီး ဆာအီမာကို ပြန်လည် ကယ်တင်နိုင်ရေး လုပ်ဆောင်ပေးရန် သက်ဆိုင်ရာကို တောင်းဆိုခဲ့သည်။

ဆာဘီရ် မမ်မွန် အမည်ရှိ ပုဂ္ဂိုလ်တစ်ဦးနှင့် မိသားစုက မိမိ၏ သမီးဖြစ်သူကို ပြန်ပေးဆွဲခေါ်ဆောင်သွားပြီး မီဟာမြို့ရှိ အိမ်တစ်လုံးတွင် ဝှက်ထားကြောင်း ဆာအီမာ၏ မိခင်ဖြစ်သူက ပြောသည်။

ဆာအီမာအတွက် အသက်အန္တရာယ် ရှိနေစဉ် ရဲတပ်ဖွဲ့အနေဖြင့် ထိုကိစ္စအပေါ် အရေးယူဆောင်ရွက်ရန် အသင့်မဖြစ်သေးကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြသည်။

ပါကစ္စတန်တွင် အထူးသဖြင့် ဆင်းဒ်ပြည်နယ်သည် ဟိန္ဒူဘာသာဝင် အမျိုးသမီးများအတွက် ဘေးကင်းလုံခြုံမှု မရှိကြောင်း အဆိုပါပြည်တွင်း မီဒီယာက ဖော်ပြသည်။ ပြီးခဲ့သည့် အောက်တိုဘာလကလည်း ဟိန္ဒူဘာသာဝင် အမျိုးသမီးများ ပြန်ပေးဆွဲခံရသည့် ဖြစ်စဉ်နှစ်ခု ပေါ်ပေါက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required