အာဖဂန်နစ္စတန်အရေး မော်စကို ဆွေးနွေးပွဲများက ပြည်သူတို့အတွက် မျှော်လင့်ချက်များကို ဖြစ်ပေါ်စေဟု ကျွမ်းကျင်သူ ပြော

By Devdiscourse
09 December 2022
အာဖဂန်နစ္စတန်အရေး မော်စကို ဆွေးနွေးပွဲများက ပြည်သူတို့အတွက် မျှော်လင့်ချက်များကို ဖြစ်ပေါ်စေဟု ကျွမ်းကျင်သူ ပြော

အာဖဂန်နစ္စတန်နိုင်ငံတွင် စီးပွားရေးနှင့် လူသားချင်းစာနာမှု အကျပ်အတည်းတို့ ရှိနေစဉ် ပြီးခဲ့သည့်လအတွင်း ရုရှားနိုင်ငံတွင် ကျင်းပခဲ့သည့် အာဖဂန်အရေး မော်စကို အစီအစဉ် ဆွေးနွေးပွဲများက သန်းပေါင်းများစွာသော အာဖဂန်ပြည်သူတို့အတွက် မျှော်လင့်ချက်များကို ဖြစ်ပေါ်စေခဲ့ကြောင်း Afghan Diaspora Network မှ ပင်တိုင်ဆောင်းပါးရှင် ဟာမစ် ပက်ခ်တင်းန်က ပြောသည်။

ရုရှားသည် နိုဝင်ဘာ ၁၆ ရက်က အာဖဂန်နစ္စတန်အရေးဆိုင်ရာ မော်စကို အစီအစဉ် ဆွေးနွေးညှိနှိုင်းပွဲများ၏ ၄ ကြိမ်မြောက် အစည်းအဝေးကို လက်ခံကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် ရုရှား၊ တရုတ်၊ ပါကစ္စတန်၊ အီရန်နှင့် အိန္ဒိယ အပါအဝင် နိုင်ငံအများအပြားမှ အထူးကိုယ်စားလှယ်များ၊ အကြီးတန်းအရာရှိများ ပါဝင်တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ပါဝင်တက်ရောက်သူများက အာဖဂန်နစ္စတန်နှင့် အနီးဝန်းကျင်ဒေသ၌ လက်ရှိ ဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်သည်။

အာဖဂန်နစ္စတန်တွင် မျိုးနွယ်စု-နိုင်ငံရေး အစုအဖွဲ့များ၏ အကျိုးစီးပွားများကို ထင်ဟပ်စေမည့် စစ်မှန်ပြီး အားလုံးပါဝင်ကိုယ်စားပြုသည့် အစိုးရတစ်ရပ် ဖွဲ့စည်းရန် အရေးကြီးပုံကို ၎င်းတို့က အလေးပေး ဆွေးနွေးခဲ့သလို အာဖဂန်နစ္စတန်မှ ထွက်ပေါ်လာသည့် အကြမ်းဖက်သမားများ၊ မူးယစ်ဆေးနှင့် အခြားသော ခြိမ်းခြောက်မှုများကို ဖယ်ရှားရှင်းလင်းရန် လိုအပ်ကြောင်း ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required