ကဘူးလ်မြို့ရှိ ပါကစ္စတန်သံရုံး တိုက်ခိုက်မှုကို မိမိတို့ လုပ်ဆောင်ကြောင်း အိုင်အက်စ်အဖွဲ့ ပြော

By The Khaama Press
09 December 2022
ကဘူးလ်မြို့ရှိ ပါကစ္စတန်သံရုံး တိုက်ခိုက်မှုကို မိမိတို့ လုပ်ဆောင်ကြောင်း အိုင်အက်စ်အဖွဲ့ ပြော

အာဖဂန်နစ္စတန်၏ မြို့တော် ကဘူးလ်ရှိ ပါကစ္စတန်သံရုံးတိုက်ခိုက်မှုကို မိမိတို့ လုပ်ဆောင်ခဲ့ကြောင်း အိုင်အက်စ် အကြမ်းဖက်အဖွဲ့က ထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာ ၂ ရက်က ဖြစ်ပွားသော ထိုတိုက်ခိုက်မှုဖြစ်စဉ်တွင် တိုက်ခိုက်သူသည် အာဖဂန်ရှိ ပါကစ္စတန်သံရုံးမှ သံအမတ်ဖြစ်သူကို ပစ်မှတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ပါကစ္စတန်အစိုးရက ပြောသည်။ ထို တိုက်ခိုက်မှုဖြစ်စဉ်တွင် ပါကစ္စတန်သံအမတ်သည် ထိခိုက်မှု မရှိဘဲ ဘေးကင်းခဲ့သော်လည်း လုံခြုံရေးအစောင့်တစ်ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။

သံရုံးတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပြီး‌ နောက်တစ်ရက်အကြာ ဒီဇင်ဘာ ၃ ရက်တွင် အိုင်အက်စ်အဖွဲ့၏ ဒေသဆိုင်ရာ အဖွဲ့ခွဲတစ်ခုက ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး တိုက်ခိုက်မှုကို ၎င်းတို့လုပ်ဆောင်ခဲ့ကြောင်းနှင့် ဖောက်ပြန်ရေးသမား ပါကစ္စတန်သံအမတ်နှင့် လုံခြုံရေးအစောင့်ဝန်ထမ်းများကိုတိုက်ခိုက်ခဲ့ကြောင်း ပြောသည်။

ကဘူးလ်မြို့တွင် ဖြစ်ပွားသော လက်နက်ကိုင် တိုက်ခိုက်မှုတစ်ခုအတွင်း ပါကစ္စတန်သံအမတ် အူဘိတ်-အူရ်-ရာမန် နီဇာမန်နီ နီဇာမီ အသက်ရှင် လွတ်မြောက်ခဲ့ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

တိုက်ခိုက်သူ၏ ပစ်မှတ်က အာဖဂန်ရှိ ပါကစ္စတန်သံအမတ်ကို လုပ်ကြံရန်ဖြစ်ကြောင်း ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။ သို့သော် သံအမတ်သည် မထိမခိုက်ဘဲ ဘေးကင်းခဲ့ပြီး သူ၏ သက်တော်စောင့်တစ်ဦးသာ ဒဏ်ရာအပြင်းအထန် ရသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required