အင်ဒို-ပစိဖိတ်ဒေသတွင် နိုင်ငံတကာအစီအစဉ်ကို ပြန်လည်ပုံဖော်ရန် တရုတ်က ကြိုးပမ်းခြင်းကို အမေရိကန်က ခွင့်ပြုမည်မဟုတ်

အင်ဒို-ပစိဖိတ်ဒေသတွင် နိုင်ငံတကာအစီအစဉ်ကို ပြန်လည်ပုံဖော်ရန် တရုတ်က ကြိုးပမ်းခြင်းကို အမေရိကန်က ခွင့်ပြုမည်မဟုတ်

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ဒီဇင်ဘာ ၃ ရက်က ပြုလုပ်ခဲ့သည့် အခမ်းအနားတွင် တရုတ်ကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပြီး ဒေသတွင်း ပြောင်းလဲရန် တရုတ်၏ ကြိုးပမ်းမှုများကို အမေရိကန် က ခွင့်ပြုမည်မဟုတ်ကြောင်း ပြောကြားလိုက်သည်။

"တရုတ်က အာဏာရှင်နည်းစနစ်တွေချမှတ်ဖို့အတွက် ဒေသနဲ့ နိုင်ငံတကာ အစီအစဉ်ကို ပြန်လည်ပုံဖော်ဖို့ ဆန္ဒနဲ့ အာဏာ ၂ ခု စလုံး ရှိနေတဲ့ နိုင်ငံဖြစ်ပါတယ်" ဟု အော်စတင်က ရေဂင်အမျိုးသားကာကွယ်ရေး ဖိုရမ်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။ "ရှင်းရှင်း ပြောရရင်၊ ဒီလိုမျိုးဖြစ်ခွင့်မပေးပါဘူး"

တရုတ်စိန်ခေါ်မှုကြောင့် အမေရိကန်က ဘတ်ဂျက်ကို ပြန်လည် ချိန်ညှိနေကြောင်း အော်စတင်က ထည့်သွင်း ပြောကြားခဲ့သည်။

" အာရုံစူးစိုက်မှု၊ အချိန်နဲ့ ငွေကြေးတွေကို ဌာနက လိုအပ်တဲ့နေရာမှာ သုံးမှာဖြစ်တဲ့အတွက် အင်ဒို-ပစိဖိတ်ဒေသ မှာ ၂၁ ရာစုအဟန့်အတားတွေအတွက် ရင်းနှီးမြှုပ်နှံမှုတွေကို လုပ်ငန်းဆောင်ရွက်မှု သဘောတရားအသစ်နဲ့ အညီ လုပ်ဆောင်နေပါတယ် " ဟု အော်စတင်က ပြောကြားခဲ့သည်။

ဒေသတွင်း အငြင်းပွားနေသော နယ်မြေကို ဖြတ်ကျော်ပျံသန်းလာသော တရုတ်လေယာဉ်ကဲ့သို့ " အန္တရာယ် များသောလုပ်ဆောင်မှုများ ပိုမိုပြုလုပ်လာခြင်း " နှင့် ပတ်သက်၍ အမေရိကန်၏ စိုးရိမ်ပူပန်မှုများကို မကြာသေး မီက တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် တွေ့ဆုံမှုအတွင်း အော်စတင်က အလေးပေးပြောကြားခဲ့သည်။

“နိုင်ငံတကာဥပဒေက ခွင့်ပြုထားတဲ့ နေရာတိုင်းမှာ အမေရိကန်က ဆက်လက်သွားလာနေမယ်လို့ ရှင်းရှင်း လင်းလင်း ပြောကြားထားပါတယ်” ဟု အော်စတင်က ပြောကြားခဲ့သည်။

တရုတ်က မည်ကဲ့သို့အသုံးပြုမည်ကို ရှင်းရှင်းလင်းလင်းမဖော်ပြဘဲ ၂၀၃၅ ခုနှစ်တွင် တရုတ်တွင် နျူကလီယား ထိပ်ဖူးပေါင်း ၁၅၀ဝ ရှိနိုင်သည်ဟု သတိပေးသည့် နှစ်စဉ် တရုတ်လုံခြုံရေး အစီရင်ခံစာကို ပင်တဂွန်က နိုဝင်ဘာ ၂၈ရက်တွင် ထုတ်ပြန်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required