Apple က iPad ထုတ်လုပ်မှုအချို့ကို အိန္ဒိယသို့ ပြောင်းရွှေ့ရေး ကြိုးပမ်း

Apple က iPad ထုတ်လုပ်မှုအချို့ကို အိန္ဒိယသို့ ပြောင်းရွှေ့ရေး ကြိုးပမ်း

Apple ၏ iPad ထုတ်လုပ်မှုလုပ်ငန်းအချို့ကို တရုတ်မှ အိန္ဒိယသို့ ပြောင်းရွှေ့နိုင်ရေး အိန္ဒိယက ကြိုးပမ်းလျက် ရှိကြောင်း အိန္ဒိယအစိုးရနှင့် နီးစပ်သော သတင်းရင်းမြစ် ၂ဦးက ပြောကြားလိုက်သည်။

နည်းပညာကုမ္ပဏီကြီး Apple က အိန္ဒိယ တာဝန်ရှိသူများနှင့် ဆွေးနွေးမှုများပြုလုပ်နေပြီး ခိုင်မာတိကျသည့် အစီအစဉ်များ မရှိသေးသော်လည်း ကြိုးပမ်းမှု အောင်မြင်ပါက Apple က အိန္ဒိယတွင် လုပ်ငန်းတိုးချဲ့မည်ဖြစ် သည်။

အိန္ဒိယတောင်ပိုင်းတွင် iPhone 14 ကို ၂၀၂၂ခုနှစ် အစောပိုင်းတွင် စတင်တပ်ဆင်နေပြီး iPhone မော်ဒယ် ဟောင်းများကို အိန္ဒိယတွင် ထုတ်လုပ်နေသည်မှာ နှစ်အနည်းငယ်ကြာနေပြီဖြစ်သည်။

ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကြောင့် လွန်ခဲ့သည့် သီတင်း ၂ ပတ်အတွင်း တရုတ်နိုင်ငံတစ်ဝန်းတွင် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခြင်းကြောင့် တရုတ်မဟုတ်သည့် တခြားကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေး လုပ်ငန်းစဉ်များကို လုပ်ဆောင်နိုင်သည့် နိုင်ငံများကို Apple က ရှာဖွေနေသည်။

တရုတ်တွင် ကန့်သတ်ပိတ်ဆို့မှုများကြောင့် iPhone တင်ပို့ရောင်းချမှု နှောင့်နှေးမည်ဟု Apple က နိုဝင်ဘာလ အစောပိုင်းတွင် သတိပေးခဲ့ပြီး လေ့လာဆန်းစစ်သူများက အရေးကြီးသော အားလပ်ရက် ၃လပတ်အတွက် iPhone ရောင်းချနိုင်မှု ခန့်မှန်းချက်များကို လျော့ချလိုက်သည်။

Apple က တရုတ်မှ ထုတ်လုပ်မှုကို အိန္ဒိယနှင့် ဗီယက်နမ်အပါအဝင် အာရှရှိ အခြားနိုင်ငံများသို့ ရွှေ့ပြောင်းရန် ကြိုးပမ်းနေကြောင်း Wall Street Journal တွင် သီတင်းပတ်ကုန်က ဖော်ပြခဲ့သည်။

အဆင့်မြင့်ကျွမ်းကျင်မှုအရည်အချင်းများနှင့် iPad ကဲ့သို့ အလွန်ရှုပ်ထွေးသော စက်ပစ္စည်းများကို တည် ဆောက်ရာတွင် ကျွမ်းကျင်သူများမရှိခြင်းက အိန္ဒိယတွင် ယင်းအစီအစဉ်များအကောင်အထည်ဖော်ရန် နှောင့် နှေးနိုင်ကြောင်း သတင်းရင်းမြစ်များက သတိပေးထားသည်။

မကြာသေးမီနှစ်များအတွင်း နယ်မြေအငြင်းပွားမှုများကြောင့် အိန္ဒိယနှင့် တရုတ်နယ်စပ်တွင် စစ်ရေးအခြေ အနေများ ပိုမိုတင်းမာလာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly