နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၉ ဒီဇင်ဘာ ၂၀၂၂ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၉ ဒီဇင်ဘာ ၂၀၂၂ ) 

ဒီဇင်ဘာလ ၉ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များတွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။ 

  • ကာကွယ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေသည့် ပကဖ, PDF, LPDF များ၏ ရပ်တည်နိုင်ရေးအတွက် ရန်ပုံငွေထောက်ပံ့မှုအပိုင်းက အရေးကြီးကြောင်း  ပြည်ထောင်စုဝန်ကြီးချုပ် ပြောကြားသည်။ 

  • အကြမ်းဖက်စစ်ကောင်စီဖော်ဆောင်နေသည့် ရွေးကောက်ပွဲဟာ မတည်ငြိမ်မှုများကိုသာ ပိုဖန်တီးလာ မှာဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ဆန့်ကျင်သည့်အုံကြွမှုများ ရပ်တန့်သွားမှာမဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက Federal democracy, not military rule, is Myanmars future ခေါင်းစဉ်ဖြင်ဆောင်းပါးကို ဂျာကာတာပိုစ့်လ် (Jakarta Post) မှာရေးသားဖော်ပြ ထားသည်။ 
     

တော်လှန်ရေး လှုပ်ရှားမှုများ 

  • ရှမ်းပြည်မြောက်ပိုင်း၊ နမ့်ဆန်မြို့တွင် တအောင်းတပ်မတော်(TNLA) နှင့် အကြမ်းဖက်စစ်တပ်တို့အကြား တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်မှုများပြုလုပ်နေသည့်အတွက် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။ 

  • တနင်္သာရီတိုင်း၊ ပုလောမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်စခန်းများကို PDF တပ်များက ဝင်ရောက်တိုက် ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၂ ဦး ထက်နည်း သေဆုံး ကြောင်း မိကျောင်း စစ်ကြောင်းက သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ ပုသိမ်-မုံရွာလမ်းဆုံရှိ မြန်မာဝမ်ပေါင် ကုမ္ပဏီခြံစောင့် အကြမ်း ဖက်စစ်သားများကို မနေ့က ဒီဇင်ဘာလ ၈ ရက်နေ့ ည ၇ နာရီခွဲခန့်အချိန် လက်နက်ကြီးဖြင့် ပစ်ခတ် တိုက် ခိုက်ခဲ့ရာ အကြမ်းဖက် စစ်တပ် လက်အောက်ခံ ရဲ (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မုံရွာ-အရာတော်လမ်းမပေါ်ရှိ ကမ်းပြူအရှေ့ရွာအနီးတွင် ဒီဇင်ဘာ လ ၇ ရက် ညနေ ၆ နာရီခန့်က မိုင်းကွင်းပေါ်သို့ တည့်တည့် ရောက် လာသော ကင်းပုန်းဝပ်စစ်သားများကို မိုင်းဆွဲတိုက်ခိုက် ခဲ့ရာ စစ်သား ၃ ဦးသေဆုံးပြီး (၂) ဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း Danger Force LPDF ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ မြင်းမူမြိုနယ်၊ မုံရွာ-မန္တလေးလမ်းမပေါ်တွင် ဒီဇင်ဘာလ ၈ ရက် ည ၁၀ နာရီ ခန့်က အကြမ်းဖက်စစ်ကောင်စီကား ၆ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးထိမှန်ပျက်စီးပြီး ထိုးရပ် သွားကြောင်း Moe Nyo Revolution Force ထံမှ သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ တရုတ်ပိုင် မြန်မာ၀မ်ပေါင်ကုမ္ပဏီကို လုံခြုံရေးအစောင့်လုပ်ပေးနေသည့် စစ်ကောင်စီ၏ ရဲကင်းစခန်းကို ယမန်နေ့ ဒီဇင်ဘာလ ၈ရက် ညတွင် ဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များက သွားရောက်တိုက်ခိုက်ခဲ့ကြောင်း သိရရှိသည်။ 

  • အရာတော်မြို့နယ်တွင် အထက မလဲသာ ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နှင့် ဇေယျာတိုင်းရဲ့ ၅/ လူထုသပိတ်စစ်ကြောင်း၊ အောင်စည်တော် သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ "စေ့စပ်ရေးအတွေး အခေါ်ကို ဆန့်ကျင်ကြ စစ်သုံးစစ်ကို အမြစ်ပြတ်တိုက်ဖျက်ကြ"၊ "ပြိုင်တူတွန်းလျှင် ရွှေ့တယ်" စာတန်းများ ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • မုံရွာမြို့ပေါ်တွင် မုံရွာ သပိတ် အင်အားစုမှ တော်လှန်လူငယ်များ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ''ယုံကြည်ချက်ကို ကြိုးမိန့်ပေး၍မရ" စာတန်းကိုင်ဆောင်ကာ အကြမ်းဖက် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်ရှိ ဝက်သအင်းရွာကို ဒီဇင်ဘာ ၉ ရက်နေ့ နံ နက် ၇ နာရီခွဲ အချိန်တွင် အကြမ်းဖက်စစ်ကောင်စီ ခမရ -၃၆၉ နှင့် စစ်ယူနီ ဖောင်း ဝတ် ပျူစောထီးများ ဝင်ရောက်၍ မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူ များက ပြောသည်။ 

  • စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်တွင် အင်အားအများအပြား ဖြင့် လူ့ အခွင့်အရေးနေ့ အကြို ဟောပြောပွဲနှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ် ကို နွေဦး တော် လှန် ရေးသပိတ်အင်အားစု(ကနီမြို့နယ်)မှ ဦးဆောင်၍ ဒီဇင် ဘာ လ ၉ ရက် နေ့တွင်ကျင်းပပြုခဲ့သည်။ 

  • မန္တလေး သိပ္ပံလမ်းမပေါ်တွင် မန္တလေးသပိတ်တက်ကြွလူငယ်များမှ ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် "ခေတ်ပြောင်းပေမဲ့ စနစ်မပြောင်း အကျင့်မကောင်းသူတွေကို မြေလှန် ‌တော်လှန်မဲ့ မန္တလေး" ဟု စာသား ပါဘန်နာကိုချိတ်ဆွဲခဲ့ပြီး ဖက်ဆစ် စစ်အာဏာရှင်တိုက်ဖျက်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ 

  • တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ရတနာပုံ(မိုင်း) ကျေးရွာတွင် စစ်ကောင်စီတပ်၏ ခြိမ်းခြောက်မှုကြောင့် ဒေသခံရွာသားများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရ ကြောင်း စစ်ဘေးရှောင်ကူညီသူများ ထံက သိရသည်။ 

  • လူ့အခွင့်အရေးချိုးဖောက်မှုများစွာ ကျူးလွန်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ဖက်ရေးရာ လုံခြုံ ရေး အရာရှိချုပ်ရုံး(စရဖ)၊ တပ်မ ၃၃ နှင့် တပ်မ ၉၉ တို့ကို ဗြိတိန်နိုင်ငံအစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူကြောင်း ယနေ့ ဒီဇင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်သည်။ 
     

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်တွင် တအာင်းတပ်မတော်(TNLA)နှင့်အကြမ်းဖက် စစ်ကောင်စီ တပ်တို့ သုံးရက်ဆက်တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA သတင်းပြန်ကြားရေးဌာနမှူး ဒုဗိုလ်မှူးကြီးတာအိုက် ကျော်က ပြောသည်။ 

  • ကရင်ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ကုန်းသာကျေးရွာအနီးသို့ အကြမ်းဖက် စစ်ကောင်စီတပ်မှ စစ် ကြောင်း ၃ ကြောင်းဖြင့် ဒီဇင်ဘာလ ၆ ရက် ည ၁၁ နာရီ ၄၅ မိနစ်ခန့်က ထပ်မံစစ်ကြောင်း ထိုးလာ ရာ မိုင်းမိပစ်ခတ် ခံရပြီး စစ်သား (၅) ဦးသေဆုံးခဲ့ကြောင်း KRU ထံမှ သိရသည်။ 

  • ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့နယ်အတွင်းတိုက်ပွဲများတွင် ကရင်နီပူးပေါင်းအဖွဲ့များဘက်မှ ရဲဘော်များ ကျဆုံးမှုရှိခဲ့ကြောင်း ကာကွယ်ရေးအဖွဲ့အသီးသီး၏ထုတ်ပြန်ချက်များအရ သိရသည်။ 

  • NCA-S EAO (၇) ဖွဲ့၏ အလွတ်သဘော ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ ပြောရေးဆို ခွင့်ရပုဂ္ဂိုလ် အဖြစ်ဗိုလ်မှူးကြီး စောကျော်ညွှန်ကို တာဝန်ပေးအပ်ခြင်းဆိုင်ရာ ထုတ်ပြန်ကြေညာသည်။ 
     

စစ်ကောင်စီ 

  • စစ်တပ်က အာဏာသိမ်းယူပြီး‌နောက် စစ်ကောင်စီ ခန့်အပ်ခဲ့သည့် ရန်ကုန်တိုင်း ဝန်ကြီးချုပ်ဟောင်းဦးလှစိုး၊ စီးပွားရေးရာ ဝန်ကြီးဟောင်း ဦးအောင်သန်းဦးနှင့် တိုင်းအတွင်းရေးမှူး ဦးစိုးစိုးဇော်တို့ သုံးဦးကို ယမန်နေ့ ဒီဇင်ဘာ ၈ ရက်နေ့တွင် နှစ်ရှည် ထောင်ဒဏ်များ အသီးသီးချမှတ်ခဲ့ပြီးဖြစ်‌ကြောင်း အင်းစိန်ထောင်တွင်း သတင်းအရင်းအမြစ်က မဇ္ဈိမကို ပြောသည်။ 

  • စစ်အုပ်စုက ဒေါ်စန္ဒာမင်းကို အသုံးချပြီး ရွေးကောက်ပွဲကိစ္စ ဆွေးနွေးခိုင်းခြင်းကို ဒေါ်အောင်ဆန်းစုကြည် ငြင်းဆိုလိုက်ကြောင်း သတင်းမီဒီယာများတွင် ဖော်ပြထားသည်။ 

  • မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်ကဏ္ဍတွင် ယခုဘဏ္ဍာနှစ် ရှစ်လအတွင်း ကုန်သွယ်မှုလိုငွေ ကန်ဒေါ်လာ ၄၆၄ သန်းကျော် ရှိနေကြောင်း စစ်ကောင်စီလက်အောက်ခံ စီးပွား‌‌ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စာရင်းများတွင်ဖော်ပြသည်။ 

  • တရုတ်ခရီးသွားများ ပိုမိုဝင် ရောက်လာဖို့ ကျောက်စိမ်းဈေးကွက် ဖြင့်ဆွဲဆောင် နေကြောင်း ဟိုတယ်ခရီးဝန်ကြီးဒေါက်တာဌေးအောင်က ပြောသည်။ 

  • ကိုဗစ်ကို ကာကွယ်ကုသနိုင်မယ့် တိုင်းရင်းဆေးဝါး များထုတ်လုပ် နိုင်ရေး ကြိုးစားနေကြောင်း အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောပြန်သည်။ 

  • NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနက် ၇ဖွဲ့က စစ်ကောင်စီ၏ ငြိမ်းချမ်းရေးကော်မတီနှင့် တွေ့ဆုံဆွေးနွေးသွားရန် ကမ်းလှမ်းမှုများပြုလုပ်ခဲ့ကြောင်း သတင်းထွက်ပေါ်ချက်များအရ သိရသည်။ 

  • ရန်ကုန်-မန္တလေး အမြန်လမ်း ဇီးရိုးမိုင် တိုးဂိတ်တွင် သင်တန်းဆင်းလာသည့် PDF ၅ ဦးအား ဖမ်းဆီးရမိကြောင်း စစ်ကောင်စီမီဒီယာများတွင် ဖော်ပြထားသည်။ 
     

ဒီဇင်ဘာ ၉ ရက် သုံးသပ်ချက် 

  • စစ်အုပ်စုက နိုင်ငံအနှံ့ဘက်စစ်မျက်နှာဖွင့်ထားရ၍ နိုင်ငံရေး၊စီးပွားရေး၊စစ်ရေး အကျပ်ဆိုက်နေချိန်တွင် ရွေးကောက်ပွဲကို ထွက်ပေါက်အဖြစ်အသုံးချရန်အတွက် စီစဉ်လာသည်။ သို့သော်လူထုမပါသော ရွေးကောက်ပွဲသည် မအောင်မြင်မှန်းသိ၍ လူထုခေါင်းဆောင်ကို အသုံးချကာ ၎င်းတို့ရွေးကောက်ပွဲ ဖြစ်မြောက်အောင် စီစဉ်သော်လည်း မအောင်မြင်သည်ကို တွေ့ရသည်။ 

  • ရှမ်းမြောက်တွင် TNLA နှင့် အကြမ်းဖက်စစ်တပ်တို့ကြာတိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီ တပ်များ အထိနာနေ၍ လက်နက်ကြီး နှင့် လေကြောင်းကနေ တိုက်ခိုက်နေသည်ကို တွေ့ရသည်။ စစ်ကောင်စီ ၏ အမူအကျင့်အတိုင်း လက်နက်ကိုင်ခြင်းမနိုင်လျှင် အရပ်ဖက်ပစ်မှတ်များကို တိုက်ခိုက် သတ် ဖြတ်နေခြင်းကြောင့် ပြည်သူထောင်နှင့်ချီထွက်ပြေးတိမ်းရှောင်နေပြန်သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly