လန်ဒန်မျှော်စင်နှင့် မျက်နှာချင်းဆိုင်တွင် တရုတ်သံရုံးအကြီးစားတည်ဆောက်မည့် အစီအစဉ်ကို နယ်မြေအုပ်ချုပ်ရေးကောင်စီက လက်မခံ

လန်ဒန်မျှော်စင်နှင့် မျက်နှာချင်းဆိုင်တွင် တရုတ်သံရုံးအကြီးစားတည်ဆောက်မည့် အစီအစဉ်ကို နယ်မြေအုပ်ချုပ်ရေးကောင်စီက လက်မခံ

လန်ဒန်မျှော်စင်နှင့် မျက်နှာချင်းဆိုင်တွင် သံရုံးကြီးတစ်ခုတည်ဆောက်မည့် တရုတ်သမ္မတရှီကျင့်ဖျင်၏ အစီအစဉ်ကို ဒေသဆိုင်ရာ ကောင်စီက ပယ်ချလိုက်သည်။

Tower Hamlets ကောင်စီသည် မျှော်စင်တံတားအနီးရှိ ရှေးဟောင်း Royal Mint ကုမ္ပဏီနေရာတွင် သံရုံး တည်ဆောက်မည့် အစီအစဉ်ကို တညီတညွတ်တည်း မဲခွဲပယ်ချလိုက်ကြောင်း The Telegraph က ဖော်ပြ ခဲ့သည်။

စီမံကိန်းခွင့်ပြုချက်သည် ဗြိတိန်တွင် ဒေသဆိုင်ရာ အာဏာပိုင်ကိစ္စရပ်တစ်ခုအဖြစ် ဆက်လက် တည်ရှိနေ သော်လည်း ဆုံးဖြတ်ချက်ကို လန်ဒန်မြို့တော်ဝန် ဆာဒတ်ခန် သို့မဟုတ် ဗဟိုအစိုးရကသာဆုံးဖြတ်နိုင်သည်။

မည်သည့်လူထုစုံစမ်းမှုကိုမဆို ဖြေရှင်းရန် အချိန် ၁၈ လအထိ ယူရမည်ဖြစ်သည်။

ဝန်ကြီးချုပ် ဆူနပ်ခ်က တရုတ်နှင့် ဆက်ဆံရေး ရွှေခတ် ပြီးဆုံးသွားကြောင်း ပြောကြားခဲ့ပြီး ဗြိတိန် အကျိုး စီးပွားနှင့် တန်ဖိုးများကို တရုတ်၏ အကွက်ကျကျစိန်ခေါ်မှုမှာ ပိုမိုပြင်းထန်လာကြောင်း ပြောကြားပြီးသည့် ရက်သတ္တပတ်အတွင်း ယင်းကိစ္စဖြစ်ပေါ်လာခြင်းဖြစ်သည်။

၂၀၁၈ခုနှစ်တွင် ပေ ၇သိန်းအကျယ်အဝန်းရှိသော သမိုင်းဝင်မြေနေရာကို တရုတ်က ပေါင် ၂၅၅ သန်းဖြင့် လက်လွှဲဝယ်ယူခဲ့သည်။

အစီအစဉ်များ ဆက်လက်အကောင်အထည်ဖော်ပါက အဆိုပါသံရုံးသည် ကမ္ဘာတွင် အကြီးဆုံးသံရုံးများထဲမှ တစ်ခု ဖြစ်လာမည်ဖြစ်ပြီး လန်ဒန်တောင်ပိုင်း ဗော်ဟော်ရှိ အမေရိကန်သံရုံးသစ်ထက် ပိုကြီးမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required