အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနေ့အတွက် ပြည်ထောင်စုဝန်ကြီး၏သတင်းစကား

အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနေ့အတွက် ပြည်ထောင်စုဝန်ကြီး၏သတင်းစကား

ဆိုးညစ်လှတဲ့ ခေတ်ဟောင်းစနစ်ဟောင်းတွေကို တွန်းလှန်ကြပြီး လူ့အခွင့်အရေးနဲ့အညီ စနစ်သစ်တွေကိုဖော်ဆောင်ကြတဲ့အခါမှာ တိုက်ပွဲတွေကို ဖြတ်သန်းရလေ့ရပါတယ်။ ဒီလို အခက်အခဲ အကျပ်အတည်း ကာလ တွေကို ဖြတ်သန်းရပြီဆိုကတည်းက ခါးသီးတဲ့ ပေးဆပ်မှုတွေဆိုတာရှောင်လွှဲလို့မရနိုင်သလို တစ်ချိန်တည်း မှာလည်း လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူတွေ၊ သူရဲကောင်းတွေလည်းပေါ်ထွက်လာလေ့ရှိပါတယ်။ အဲ့ဒီလို လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူသူရဲကောင်းတွေရဲ့ အရေးပါတဲ့ အခန်းကဏ္ဍကို တစ်ကမ္ဘာလုံး က အသိအမှတ်ပြုပြီး ၎င်းတို့ကို ဂုဏ်ပြုတဲ့အနေနဲ့ နှစ်စဉ်နှစ်တိုင်း ဒီဇင်ဘာလ ၉ ရက်နေ့ကို အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနေ့ (International Human Rights Defenders Day) အဖြစ် သတ်မှတ်ကျင်းပလေ့ရှိပါတယ်။
ဒါကြောင့် ဒီနေ့ကျရောက်တဲ့ လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးက ပြည်သူတွေကို ဘယ်လိုသတင်းစကားတွေပါးထားလဲ? လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူတွေကို ဘယ်လိုသတ်မှတ်အဓိပ္ပါယ်ဖွင့်ဆိုထားလဲ? ဘယ်လို ချီးကျူးဂုဏ်ပြုထားလဲ? ဆိုတာတွေကို အောက်ပါ ၃ မိနစ်စာ ဗီဒီယိုလေးမှာ ကြည့်ရှုနားဆင်ရင်းနဲ့ လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်သူများကို ချီးကျူးဂုဏ်ပြုကြပါစို့လို့ တိုက်တွန်းလိုက်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required