မဇ္စျိမ။ ။ချင်းပြည်နယ်တော်လှန်ရေးအတွက် ဘဏ္ဍာငွေအားဖြည့်နိုင်ရန် ဖွင့်လှစ်ထားသော တူမီးထီက တော်လှန်ရေးရန်ပုံငွေလိုအပ်ချက် မြင့်မားလာသောကြောင့် ပြည်သူများအနေဖြင့် အားမလျော့ဘဲ ဆက် လက်ပါဝင်ကြရန် အသိပေးထားသည်။
ထို့ပြင် ဒီဇင်ဘာလအတွက်ထီထိုးကံစမ်းရင်း “ တော်လှန်ရေးအောင် ခရစ်စမတ်လက်ဆောင်” အစီအစဉ် တွင် ပါဝင်ကြရန် တူမီးထီမှ ဖိတ်ခေါ်ထားသည်။
၎င်းအစီအစဉ်တွင် မည်သူမဆိုပါဝင်နိုင်ပြီး မိမိချစ်ခင်ရင်းနှီးသော တော်လှန်ရေးသမားတစ်ဦးဦးထံသို့ စကားလက်ဆောင်ပါးသည့် အစီအစဉ်ဖြစ်ကြောင်း သိရသည်။
တူမီးထီဝယ်ယူထားသော လက်မှတ်အစောင်ရေနှင့်အတူ ပေးပို့သောခရစ်စမတ်စကားလက်ဆောင်ကို ခရစ်စမတ်ပို့စကတ်အဖြစ်ပြုလုပ်ပြီး တူမီးထီ Facebook Page တွင် ဖော်ပြပေးသွားမည်ဖြစ်ကြောင်း သိရသည်။
၎င်းအစီအစဉ်တွင် ပါဝင်လိုသူများအနေဖြင့် တူမီးထီ Facebook Page Massager နှင့် အီးမေးလ်မှတဆင့် ခရစ်စမတ်စကားလက်ဆောင်များကို ကြိုက်နှစ်သက်ရာ ဘာသာစကားဖြင့်ပေးပို့နိုင်ပြီး ပေးပို့လိုသော တော်လှန်ရေးသမား၏ အမည် / Nick Name / ဓါတ်ပုံများကို ပေးပို့ရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“ခရစ်စမတ်ကာလမှာ အားလုံးပျော်ရွှင်ခြင်း ၊ ငြိမ်းချမ်းခြင်းတွေခံစားရရှိကြပါစေ။ တစ်နှစ်ကျော်လာသည် အထိတိုက်ပွဲဝင်နေကြတဲ့တော်လှန်ရေးသမားများကို တူမီးထီအနေနဲ့ အထူးကျေးဇူးတင်ကြောင်း မှတ် တမ်းတင်အပ်ပါတယ်။ ခွန်အားသစ်တွေနဲ့အတူ ပြည်သူများ အာဏာရှင်လက်အောက်ကလွတ်မြောက် သည်အထိ ဆက်လက်တောင့်ခံ တိုက်ပွဲဝင်ပေးနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သပါသည်” ဟု တူမီးထီ(မိသားစု) ချင်းရန်ပုံငွေအဖွဲ့မှ ဆုတောင်းပေးထားသည်။
တူမီးထီအနေဖြင့် အပတ်စဉ်(၇)မှ ရရှိလာသော ရန်ပုံငွေများကို ချင်းတော်လှန်ရေးအဖွဲ့ထံ လွှဲပြောင်းပေး အပ်ခဲ့ကြောင်း ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်သည်။
ထီရောင်းရငွေ အမေရိကန်ဒေါ်လာ ၁၀၇၀ ရရှိခဲ့ပြီး ဆုကြေးငွေ ဒေါ်လာ ၃၀၀ နှင့် အေးဂျင့် ၂၂ ဒေါ်လာ သုံးစွဲပြီး ကျန်သည့် ၇၄၈ ဒေါ်လာနှင့်ညီမျှသည့် အိန္ဒိယရူပီး ၆၄,၆၈၆ ကို ချင်းကာကွယ်ရေးတပ်ဖွဲ့ (လောက်သူ) CDF – Lautu သို့ ပေးအပ်ခဲ့ကြောင်းဆိုသည်။
စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ