AA က ပြည်သူလူထု၏စပါးခင်းကို အလုအယက်ဝင်ရိတ်ပြီး အဓမ္မရိက္ခာစုနေသည်မှာ မဟုတ်မှန်

AA က ပြည်သူလူထု၏စပါးခင်းကို အလုအယက်ဝင်ရိတ်ပြီး အဓမ္မရိက္ခာစုနေသည်မှာ မဟုတ်မှန်

မဇ္ဈိမ ။    ။ရခိုင်ပြည်နယ်ရှိလယ်ယာများကို ရက္ခိုင့်တပ်တော် (AA)မှ ဝင်ရောက်ရိတ်သိမ်းနေပြီး အတင်း အဓမ္မဆက်ကြေးကောက်ခံနေကြောင်း သတင်းတစ်ခုပျံ့နှံ့လျက်ရှိသည်။ ယင်းမှာ မှားယွင်းနေသည်။ 

Doror Waddy Media အမည်ရှိ တယ်လီဂရမ်ချန်နယ်မှ  ဒီဇင်ဘာလ ၃ ရက်နေ့တွင် “မြောက်ဦးမြို့နယ်၌ AA ခဲဝါအဖွဲ့က ၎င်းတို့အား လယ်ရိတ်သိမ်းရန်ဖိအားပေးငှားရမ်းစေခြင်းနှင့် မွတ်ဆလင်ကျေးရွာများ၌ ဆက်ကြေးများ အဓမ္မကောက်ခံခြင်းများလုပ်ဆောင်နေ” (မူရင်းအရေးအသားအတိုင်း) ဟူသည့် ခေါင်းစဉ် ဖြင့်ဖြန့်ဝေထားသည်။ ထို့ပြင် ရခိုင်လူမျိုးဖြစ်ပါက လယ်တစ်ဧကလျှင် ဆန်တစ်တင်းနှုန်း၊ မွတ်ဆလင် လူမျိုးဆိုလျှင် လယ်ခြောက်ဧကလျှင်ဆန်နှစ်တင်းနှုန်းပေးဆောင်ရမည်ဖြစ်ကြောင်းရေးသားကာ တပ် သားများစပါးရိတ်နေသည့်ပုံဖြင့်တွဲ၍ ဖော်ပြထားသည်။  

အဆိုပါသတင်းကို အခြားတယ်လီဂရမ်ချန်နယ်များတွင်လည်းဖြန့်ဝေနေပြီး ဖတ်ရှုသူ ၇,၀၀၀ ကျော်ရှိနေ ပြီဖြစ်သည်။ အလားတူ ဖေ့ဘုတ်တွင်လည်း ပျံ့နှံ့လျက်ရှိသည်။ 

မဇ္ဈိမ၏ အချက်အလက်စစ်ဆေးချက်များအရ AA မှ ဒေသခံပြည်သူများ၏ စပါးခင်းများကို ကူညီရိတ် သိမ်း ပေးနေခြင်းဖြစ်သည်။ ထိုအကြောင်းကို AA ၏ တရားဝင် ဝက်ဘ်ဆိုက်တွင် ဒီဇင်ဘာလ ၁ ရက်နှင့် ၆ ရက်နေ့များက “ULA/AA တပ်ဖွဲ့ဝင်များမှ ဒေသခံပြည်သူလူထု၏ စပါးခင်းများအား ကူညီရိတ်သိမ်းပေး နေသော ရုပ်သံမှတ်တမ်း(၁)နှင့်(၂)အား” ထုတ်ပြန်ခဲ့သည်။

ထို့ပြင် ရခိုင်ပြည်နယ် အခြေစိုက်မီဒီယာဖြစ်သည့် နိရဥ္စရာသတင်းဌာနမှလည်း တိုက်ပွဲများခေတ္တယာယီ ရပ်တန့်ထားစဉ် AA တပ်သားများက ပြည်သူများအား စပါးကူရိတ်သိမ်းပေးနေကြောင် သတင်းထုတ်ပြန် ထားသည်။ လင့် − t.ly/6FXj

ထို့ကြောင့် ရခိုင်တွင် AA မှ စပါးကို အလုအယက်ဝင်ရောက်ရိတ်သိမ်းပြီး ရိက္ခာစုနေခြင်းမဟုတ်ဘဲ ပြည်သူများ၏ စပါးခင်းများကို ကူညီရိတ်သိမ်းပေးနေခြင်းသာဖြစ်ပြီး ဖြစ်စဉ်မှန်ပေါ်အခြေခံပြီး လိုသလို ပုံဖျက်ထားသည့် သတင်းမှားသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#Misinformation_Buster
#Fake_News
#AA
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required