တိဗက်ခေါင်းဆောင်ဟောင်းက ဂျပန်ပါလီမန်အဖွဲ့နှင့်တွေ့ဆုံစဉ် တရုတ်၏ အခွင့်အရေးချိုးဖောက်မှုများကို အလေးထားဆွေးနွေး

တိဗက်ခေါင်းဆောင်ဟောင်းက ဂျပန်ပါလီမန်အဖွဲ့နှင့်တွေ့ဆုံစဉ် တရုတ်၏ အခွင့်အရေးချိုးဖောက်မှုများကို အလေးထားဆွေးနွေး

ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့၏ခေါင်းဆောင်ဟောင်း လောဆန် ဆန်ဂေးသည် တိုကျို၌ ဂျပန်ပါလီမန်အဖွဲ့သစ်နှင့် တရားဝင်မိတ်ဆက်ပွဲ၌တိဗက်၊ အရှေ့တာကစ္စတန်နှင့် တောင်မွန်ဂိုလီးယားတို့တွင် တရုတ်နိုင်ငံ၏ လူ့အခွင့် အရေးချိုးဖောက်မှုများကို အလေးထားပြောကြားခဲ့ကြောင်း ဒီဇင်ဘာ ၆ ရက်ကထုတ်ပြန်သည့် အာရှအဖွဲ့ အစည်း၏ တရားဝင်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိဗက်ခေါင်းဆောင်ဟောင်း လောဆန် ဆန်ဂေးက တရုတ်နိုင်ငံနှင့် တရုတ်ကွန်မြူနစ်ပါတီတို့၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန်နှင့် အရေးယူဆောင်ရွက်ရန် လွှတ်တော်ညွန့်ပေါင်းအဖွဲ့အား တောင်းဆိုခဲ့သည်။

တိဗက်နှင့် အခြားဒေသများတွင် ကွန်မြူနစ်ပါတီ၏ လူ့အခွင့်အရေးချိုးဖောက်မှုများကို အရေးယူရန် အရေးကြီးကြောင်း Asia Society အခမ်းအနားတွင် အလေးပေးပြောကြားခဲ့သည်။

လော့ဆန်ဆန်ဂေးသည် ဂျပန်အစိုးရဒစ်ဂျစ်တယ်ရေးရာဝန်ကြီး တာရိုကိုနို၊ သြစတြေးလျဝန်ကြီးချုပ်ဟောင်း ကယ်ဗင်ရက်နှင့် သြစတြေးလျပတ်ဝန်းကျင်ရေးရာဝန်ကြီး ဂျိမ်းဂရစ်ဖင်အပါအဝင် ထင်ရှားသော ကမ္ဘာ့ ပုဂ္ဂိုလ်များနှင့် တွေ့ဆုံနိုင်ရန် ထိုအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ တိဗက်ခေါင်းဆောင် ပါလီမန်အမတ် ၅၀ ကျော် အပါအဝင် နိုင်ငံပေါင်း ၂၁ နိုင်ငံမှ ခေါင်းဆောင်များနှင့်

ချိတ်ဆက်ကာ ထိုတွေ့ဆုံပွဲဿည် ကမ္ဘာတစ်ဝန်းရှိ လူ့အခွင့်အရေး ကာကွယ်သူများအတွက် မှတ်တိုင်တစ်ခု ပင်ဖြစ်သည်။ အိန္ဒိယနိုင်ငံ ဒါဂျီလင်းဇာတိဖြစ်သော လောဆန်ဆန်ဂေးက အရေးပါသောတွေ့ဆုံမှုအတွက် လာရောက်သော ဂျပန်အမတ်များကို ကျေးဇူးတင်ရှိကြောင်းAsia Society၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required