ရှီကျင့်ဖျင်က လက်ရှိဆန္ဒပြမှုများကို တားဆီးရန် ထိုင်ဝမ်ကို စစ်ရေးအရကျူးကျော်မှုကို ရွေးချယ်ဖွယ်ရှိ ဟု ကျွမ်းကျင်ပညာရှင်များ ပြော

ရှီကျင့်ဖျင်က လက်ရှိဆန္ဒပြမှုများကို တားဆီးရန် ထိုင်ဝမ်ကို စစ်ရေးအရကျူးကျော်မှုကို ရွေးချယ်ဖွယ်ရှိ ဟု ကျွမ်းကျင်ပညာရှင်များ ပြော

တရုတ်ကွန်မြူနစ်ပါတီ၏ ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒကို အကြီးအကျယ်ကန့်ကွက်နေမှုနှင့် နိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ဆန္ဒပြမှုများကြောင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်သည် တရုတ်လူထုသဘောထားကို ရှောင်ဖယ်ရန်နှင့် တရုတ်နိုင်ငံရေးတွင် ၎င်းနေရာကို ထိန်းသိမ်းရန် စိတ်အားတက်စေသောလက်နက်အဖြစ် ထိုင်ဝမ်အရေးကို ရွေးချယ်ဖွယ်ရှိကြောင်း ဗျူဟာမြောက်ဆက်ဆံရေးဆိုင်ရာ အင်ဒိုပစိဖိတ်စင်တာက ဖော်ပြသည်။ တရုတ်နိုင်ငံ အဓိကမြို့ကြီးများတွင် ကိုဗစ်လုံးဝကင်းစင်ရေးမူဝါဒအပေါ် အကြီးအကျယ် ဆန္ဒပြနေ သောကြောင့် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအရ နိုင်ငံမှာ အခြေအနေမကောင်းသည့် သောကြောင့် တရုတ်ခေါင်းဆောင်များသည် တရုတ်ရှိ ပြည်သူ့သဘောထားကို လွှမ်းမိုးရန်နှင့် CCP အား လူကြိုက် နည်းလာမှုကို တားဆီးရန် ထိုင်ဝမ်အရေးကို စိတ်ဓာတ်တက်ကြွစေသောအရာအဖြစ် အသုံးပြုနိုင် သည်ဟု စစ်ရေးကျွမ်းကျင်ပညာရှင်များက ပြောသည်။

တရုတ်ကွန်မြူနစ်ပါတီသည် နိုင်ငံအတွင်း အာဏာဆန်သောအုပ်ချုပ်ရေးကြောင့် ပြည်သူအများအပြား အထူးသဖြင့် တောင်သူလယ်သမားများနှင့် မြို့ပြအလုပ်သမားများကို ဖျောင်းဖျနိုင်မှု အားနည်းလာကြောင်း တွေးခေါ်ပညာရှင်အဖွဲ့က ပြောသည်။

ထိုနောက်ပိုင်းကွန်မြူနစ်ပါတီဦးဆောင်သော အစိုးရအပေါ် တရုတ်ပြည်သူများ၏ သဘောထား အမြင်မှာ သိသာထင်ရှားစွာ ပြောင်းလဲလာခဲ့ပြီး အထူးသဖြင့် ကိုဗစ်ကာလတွင် ကွန်မြူနစ်အစိုးရအပေါ် ယုံကြည်မှု ပျောက်ဆုံးသွားပုံပေါ်သည်ဟု ဆိုသည်။

ဆန္ဒပြပွဲများက ပြသခဲ့သည့်အတိုင်းပင် ပြည်သူလူထုနှင့် တရုတ်ကွန်မြူနစ်ပါတီအကြား အချင်းချင်း နှစ်သက်မှု မရှိကြပေ။ သို့သော် ထိုင်ဝမ်၏ ပထဝီအနေအထားနှင့် အမေရိကန်ထောက်ခံမှုများ ရရှိထားခြင်းတို့ကြောင့် တရုတ်သည် ထိုင်ဝမ်ကို စစ်ရေးအရ ကျူးကျော်ရန် မလွယ်ကူကြောင်း ကျွမ်းကျင်ပညာရှင်တချို့က ပြောသည်။

တရုတ်နိုင်ငံ၏ အကြီးဆုံးနှင့် ဘဏ္ဍာရေးဗဟိုချက်ဖြစ်သော ရှန်ဟိုင်းမှ ထောင်နှင့်ချီသော လူများသည် ပြီးခဲ့သော သီတင်းပတ်ကုန်က အစိုးရ၏ တင်းကျပ်သော ကိုဗစ်-၁၉ စီမံချက်များကို ဆန့်ကျင်ဆန္ဒပြပြီး တရုတ်ကွန်မြူနစ် ပါတီ၏ အာဏာရှင်ဆန်သော အုပ်ချုပ်မှုကို ရှုတ်ချခဲ့သည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) ကပြောသည်။ နိုင်ငံတစ်ဝန်းမှ တက္ကသိုလ်ကျောင်းသားများကလည်း ကျောင်းပရဝုဏ်အတွင်း စုဝေးဆန္ဒပြခဲ့ကြသလို ကိုဗစ်-၁၉ စတင်ဖြစ်ပွားရာ ဝူဟန်၊ ချန်ဒူ၊ ပေကျင်းနှင့် တခြားမြို့ကြီးများတွင်လည်း ရာနှင့်ချီသည့် ကျောင်းသားများ ဆန္ဒဖော်ထုတ်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly