ထင်ရှားသော ရှန်ဟိုင်း အိမ်ရာကဏ္ဍအခွင့်အရေး ရှေ့နေတစ်ဦးကို တရုတ်တရားရုံးက ဒုတိယအကြိမ် ထောင်ဒဏ် ချမှတ်

ထင်ရှားသော ရှန်ဟိုင်း အိမ်ရာကဏ္ဍအခွင့်အရေး ရှေ့နေတစ်ဦးကို တရုတ်တရားရုံးက ဒုတိယအကြိမ် ထောင်ဒဏ် ချမှတ်

ရှန်ဟိုင်းမြို့တရားရုံးက ရှန်ဟိုင်းအခြေစိုက် အိမ်ရာအခွင့်အရေးတက်ကြွလှုပ်ရှားသူ ချန်ကျန်းဖန်ကို ထောင်ဒဏ် ၄ နှစ်ခွဲ လျှို့ဝှက်စွာ စီရင်ချက်ချလိုက်ကြောင်း RFA က ဖော်ပြလိုက်သည်။

ရှန်ဟိုင်းအမှတ် ၁ အလယ်အလတ်ပြည်သူ့တရားရုံးက ချန်သည် “နိုင်ငံတော်အချုပ်အခြာအာဏာကို ဖောက် ဖျက်ရန် လှုံ့ဆော်မှု” ဖြင့် အပြစ်ရှိကြောင်း စီရင်ချက်ချမှတ်ခဲ့ပြီး ယင်းစွဲချက်သည် တရုတ်ကွန်မြူနစ်ပါတီအား ငြိမ်းချမ်းစွာ ဝေဖန်သူများကို ပစ်မှတ်ထားလေ့ရှိသည့် စွဲချက်တစ်ခုဖြစ်သည်။

အသက် ၅၁နှစ်အရွယ် ချန်သည် ၂၀၁၈ခုနှစ်တွင် လူ့အခွင့်အရေးကာကွယ်သူများအတွက် ပေးအပ်သည့် ကောင်းစူးလီအထိန်းအမှတ်ဆုကို ရှန်ဟိုင်းတွင် အိုးအိမ်ဆုံးရှုံးခဲ့ရသူများကိုယ်စားဆောင်ရွက်ခဲ့သဖြင့် ရရှိခဲ့ သည်။

ယင်းဆုကို အရပ်သားအခွင့်အရေးနှင့် လူနေမှုဘဝစောင့်ကြည့်ရေးအဖွဲ့၊ တရုတ်လူ့အခွင့်အရေး လှုပ်ရှားမှု အဖွဲ့နှင့် တရုတ်လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ ကွန်ရက်တို့က ကမကထပြုပေးအပ်ခြင်းဖြစ် သည်။

တရားရုံးစီရင်ချက်အရ ချန်သည် နိုင်ငံခြားအဖွဲ့အစည်းများမှ ဦးစီးကျင်းပသော လေ့ကျင့်ရေးအစီအစဉ်များတွင် ပါဝင်ခဲ့ပြီး ပြည်ပမီဒီယာများနှင့် WeChatအဖွဲ့များသို့ ဓာတ်ပုံများပေးပို့ခြင်းအပါအဝင် တရုတ်ခေါင်းဆောင်များ အား နည်းအမျိုးမျိုးဖြင့် အသရေပျက်အောင်လုပ်ခဲ့ကြောင်း ဆိုသည်။

သူမသည် နိုင်ငံတော်အာဏာ ချိုးဖောက်ရန် လှုံ့ဆော်မှုနှင့် ဆိုရှယ်လစ်စနစ်အား ဖြုတ်ချရန် ရည်ရွယ်သည်ဟု တရားရုံးက ပြောကြားခဲ့သည်။

ထောင်ကျခြင်းအပြင် ချန်၏ ကိုယ်ပိုင်ငွေ ယွမ် ၃၀ဝဝဝ (အမေရိကန်ဒေါ်လာ ၄၂၀ဝ) ကိုလည်း သိမ်းဆည်း ခဲ့သည်။

အခွင့်အရေးရှေ့နေ ဝမ်ယုက ချန်၏ မိသားစုသည် စီရင်ချက်ချခြင်းနှင့်ပတ်သက်၍ မကြာသေးမီအထိ မသိရှိကြောင်း ပြောကြားခဲ့သည်။

ချန်က စီရင်ချက်ကို အယူခံဝင်မည်ဖြစ်ကြောင်း တရားရုံးကို ပြောကြားခဲ့သည်။

ယင်းစွဲချက်ဖြင့် ထောင် ၃ နှစ်ကျပြီးနောက် ပြန်လွတ်လာပြီး မကြာခင် ချန်သည် ၂၀၂၂ခုနှစ် အစောပိုင်းက ပြန်လည် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly