တိဗက်တွင် မိသားစုနှင့် ခွဲထားမှုကို စုံစမ်းစစ်ဆေးရန် အမေရိကန်လွှတ်တော်အမတ်များက ကုလသမဂ္ဂကို တောင်းဆို

တိဗက်တွင် မိသားစုနှင့် ခွဲထားမှုကို စုံစမ်းစစ်ဆေးရန် အမေရိကန်လွှတ်တော်အမတ်များက ကုလသမဂ္ဂကို တောင်းဆို

တိဗက်ယဉ်ကျေးမှုနှင့် ဘာသာစကားထိတွေ့အသုံးချမှုကို လျှော့ချရေးအတွက် မိသားစုနှင့် ခွဲထားပြီး တရုတ် အစိုးရပိုင်စာသင်ကျောင်းများတွင် တရုတ်အာဏာပိုင်များက အတင်းအကျပ်နေရာချထားမှုကို စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂကို အမေရိကန်လွှတ်တော်အမတ် ၂ ဦးက တောင်းဆိုလိုက်သည်။

တိဗက်ကလေးများ၏ ၈၀ ရာခိုင်နှုန်းခန့်သည် တရုတ်ဘော်ဒါဆောင်များသို့ ပို့ဆောင်ခံနေရပြီး နိုင်ငံရေးဆန် သော သင်ရိုးညွှန်းတမ်များသင်ကြားခံနေရကြောင်း ဒီဇင်ဘာ ၁ရက်တွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး ဗိုကာတက်ခ်ထံသို့ အမေရိကန် အထက်လွှတ်တော်အမတ် ဂျက်မတ်ခ်ကလေးနှင့် ဂျင်မက် ဂါဗင်တို့က စာရေးသားပေးပို့ခဲ့သည်။

“ဒီစနစ်က လူ့အခွင့်အရေးကို ဆိုးဆိုးရွားရွားချိုးဖောက်ပြီး ယဉ်ကျေးမှုနဲ့ ဘာသာစကားကို ဖျက်ဆီးနေတယ်လို့ ကျွန်တော်တို့မြင်ပါတယ်” ဟု တရုတ်ဆိုင်ရာကွန်ဂရက်အမှုဆောင်ကော်မရှင်၏ ဥက္ကဋ္ဌနှင့် ပူးတွဲ ဥက္ကဋ္ဌအဖြစ် မတ်ခ်ကလေးနှင့် ဂျင်မက်ဂါဗင်တို့က စာရေးသားခဲ့သည်။

" အချို့ကိစ္စများတွင် ဒဏ်ငွေရိုက်ခြင်း၊ ခြိမ်းခြောက်ခံရခြင်းနှင့် အတူ ကျောင်းပိတ်မည်ကို စိုးရိမ်ခြင်းကြောင့် တိဗက်မိဘများသည် ကလေးများကို ဘော်ဒါဆောင်များသို့ ပို့နေရသည် " ဟု ကွန်ဂရက်လွှတ်တော်အမတ် ၂ ဦးက တိဗက်လှုပ်ရှားမှုအင်စတီကျူ့ (TAP)မှ ထုတ်ပြန်ခဲ့သော ၂၀၂၁ခုနှစ် အစီရင်ခံစာကို ကိုးကား၍ ရေးသား ခဲ့သည်။

အစီရင်ခံစာတွင် တရုတ်အစိုးရပိုင် ဘော်ဒါကျောင်းများသို့ စေလွှတ်သည့် တိဗက်ကျောင်းသားများတွင် စိတ်ပိုင်းဆိုင်ရာမတည်ငြိမ်မှု မြင့်မားကြောင်းကိုလည်း ဖော်ပြထားသည်ဟု မတ်ခ်ကလေးနှင့် ဂျင် မက်ဂါ ဗင်တို့က ရေးသားထားသည်။

"တရုတ်အာဏာပိုင်တွေရဲ့ ဒီလိုဝင်ရောက်စွက်ဖက်မှုတွေက မိသားစုတွေရဲ့ ဂုဏ်သိက္ခာပိုင်းဆိုင်ရာကို ထိခိုက် ပြီး တိဗက်မိဘတွေနဲ့ ကလေးတွေရဲ့ အခွင့်အရေးကို ပိတ်ပင်ကာ သားသမီးတွေရဲ့ ပညာရေးဆိုင်ရာ ရွေးချယ် ပိုင်ခွင့်ကို တားဆီလိုက်သလိုပါပဲ"

တိဗက်ရှိ တရုတ်ဘော်ဒါကျောင်းများသည် တိဗက်ဘာသာစကား၊ ယဉ်ကျေးမှုနှင့် ဘာသာရေးကို ရည်ရွယ်ချက် ရှိရှိ တားဆီးပြီး တိဗက်လူနည်းစုများကို ပစ်မှတ်ထားအမြတ်ထုတ်နေကြောင်း အိန္ဒိယအခြေစိုက် ပြည်ပရောက် အစိုးရ ဗဟိုတိဗက်အုပ်ချုပ်ရေးအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တန်ဇေး လက်ခ်ရှေး က RFA သို့ ပြောကြားခဲ့သည်။

“တိဗက်မှာ အတင်းအကျပ် မိသားစုနဲ့ ခွဲထားတာကို ကုလသမဂ္ဂက စုံစမ်းစစ်ဆေးရေးဖို့ တောင်းဆိုပေးတဲ့ အမေရိကန်ကွန်ဂရက်ကို ဗဟိုတိဗက်အစိုးရအဖွဲ့ ကျေးဇူးအများကြီးတင်ရှိပါတယ်” ဟု လက်ရှီက ပြောကြား ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required