စာရွက်လွတ်ဆန္ဒပြလှုပ်ရှားမှုက တရုတ်သမ္မတအတွက် ထိုးနှက်ချက်ဖြစ်

By Taipei times
08 December 2022
စာရွက်လွတ်ဆန္ဒပြလှုပ်ရှားမှုက တရုတ်သမ္မတအတွက် ထိုးနှက်ချက်ဖြစ်

တရုတ်တွင် တင်းကျပ်သော ကိုဗစ်မူဝါဒကို ဆန့်ကျင်ကန့်ကွက်မှုများနှင့် နိုင်ငံရေးလွတ်လပ်ခွင့်များတောင်းဆို နေခြင်းက တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အာဏာကို တင်းကျပ်စွာ ချုပ်ကိုင်ထားမှုကို လူအများက ဒေါသထွက် နေကြောင်းဖော်ပြချက်ဖြစ်သည်ဟု ပြည်ပရောက် တရုတ်တက်ကြွလှုပ်ရှားသူ အချို့က ပြောကြားလိုက်သည်။

တရုတ်တွင် ဆန္ဒပြမှုများအနှံ့အပြားဖြစ်ပွားနေပြီး ကိုဗစ်-၁၉ ကန့်သတ်ချက်များကြောင့် ကယ်ဆယ်ရေး လုပ် ငန်းများနှောင့်နှေးခဲ့သဖြင့် ရှင်ကျန်းပြည်နယ်၊ ဥယုံမုချီမြို့တွင် နိုဝင်ဘာ ၂၄ရက်က မီးလောင်မှုအတွင်း လူ ၁၀ ဦးသေဆုံးခဲ့ရသဖြင့် ဒါဇင်နှင့် ချီသည့် နေရာများစွာတွင် ကျောင်းသားများနှင့် မြို့ခံများသည် စာရွက်လွတ်လှုပ် ရှားမှုကို လုပ်ဆောင်ခဲ့ကြသည်။

စာရွက်လွတ်များကို ကိုင်ဆောင်ခြင်းသည် တရုတ်တွင် ဆင်ဆာဖြတ်တောက်ခြင်းကို သွယ်ဝိုက် ရှောင်ရှား နိုင်သည့် လှုပ်ရှားမှုတစ်ခုဖြစ်လာခဲ့သည်။

တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက် အမျိုးသားညီလာခံတွင် ရှီ၏ သြဇာလွှမ်းမိုးမှုကို မကျေ နပ်သဖြင့် ဆန္ဒပြမှုများကို သွန်ဖိုင့် ဟု လူသိများသော ကွန်မြူနစ်လူငယ်အဖွဲ့(CYL) က စတင်ပြုလုပ်ခဲ့ခြင်းဖြစ် ကြောင်း တရုတ်အစိုးရက ပိတ်ပင်ထားသည့် အမေရိကန်အခြေစိုက် တရုတ်ဒီမိုကရေစီပါတီမှ အရာရှိ ဟန်ဝူက တိုင်ပေမြို့တွင် ဒီဇင်ဘာ ၂ရက်က ပြောကြားခဲ့သည်။

အောက်တိုဘာလတွင် ကျင်းပသည့် ပါတီညီလာခံ၌ တတိယအကြိမ်မြောက် CCP အကြီးအကဲအဖြစ် ရာထူး ရယူပြီးနောက် ၎င်းကို ခြိမ်းခြောက်နိုင်သည်ဟု ယူဆထားသည့် CYL ၏ ထိပ်တန်းအရာရှိများဖြစ်သည့် ဝန်ကြီးချုပ်လီခါ့ချင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကောင်စီဥက္ကဋ္ဌ ဝမ်ယန်နှင့် ဒုတိယဝန်ကြီးချုပ် ၂ ဟူချင်ဟွားတို့ကို ဖယ်ရှားခဲ့သည်ဟု ဟန်က ပြောကြားခဲ့သည်။

တရုတ်၏ ခေါင်းဆောင်မှုအဆင့်များတွင် သစ္စာခံသူများ ခန့်အပ်ခြင်းက CCP နှင့် တရုတ်လူ့အဖွဲ့အစည်း အတွင်းဆန့်ကျင်မှုများ ဖြစ်ပေါ်စေခဲ့သည်ဟု ဒီဇင်ဘာ ၃ရက်တွင် ကျင်းပသည့် ဒေသန္တရရွေးကောက်ပွဲများကို စောင့်ကြည့်ရန် ထိုင်ဝမ်သို့ ရောက်ရှိနေသည့် ဟန်က ပြောကြားခဲ့သည်။

အနောက်ပိုင်းသြစတြေးလျတက္ကသိုလ် တွဲဖက်ပါမောက္ခ ကျဲချန်က ဆန္ဒပြသူများသည် “ဒီမိုကရေစီ၊ တရား ဥပဒေစိုးမိုးရေး၊ လွတ်လပ်မှုနှင့် မဲပေးပိုင်ခွင့်” ဟူသော ကြွေးကြော်သံများကို ကြွေးကြော်နေခြင်းက ဆန္ဒပြသူ

များသည် ကိုဗစ်-၁၉ ကန့်သတ်ချက်များကို ကျော်လွန်တောင်းဆိုနေခြင်းဖြစ်သည့်အတွက် အံ့သြမိကြောင်း ပြောကြားခဲ့သည်။

ရဲရင့်သောလုပ်ရပ်များသည် အမျိုးသားရေးဝါဒနှင့် CCP ပါတီအပေါ် သစ္စာစောင့်သိမှုကို အလေးပေးသည့် ပညာရေးစနစ်တွင် ကြီးပြင်းလာသည့် ၁၉၉၀ပြည့်နှစ်နောက်ပိုင်း မျိုးဆက်များ၏ ပုံဆံခွက်ထဲမှ ဖောက်ထွက် လာခြင်းဖြစ်ကြောင်း ၁၉၈၉ ခုနှစ်တွင် သြစတြေးလျသို့ ပညာသင်ကြားရန် တရုတ်မှ ထွက်ခွာခဲ့သည့် ချန်က ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly