သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်း ၇ ဦးနှင့် အတူ ရပ်တည်ကြောင်း လောင်းလုံးမှာ ဆန္ဒပြ

သေဒဏ်အမိန့်ချမှတ်ခံထားရတဲ့ ဒဂုံတက္ကသိုလ်ကျောင်း ၇ ဦးနှင့် အတူ ရပ်တည်ကြောင်း လောင်းလုံးမှာ ဆန္ဒပြ

မဇ္ဈိမ။ ။တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်အတွင်း ယနေ့ ဒီဇင်ဘာလ ၆ ရက်နေ့ ညနေပိုင်းက Stop Executing Our Students အကြမ်းဖက်စစ်အုပ်စုရဲ့ မတရား သေဒဏ်အမိန့်ချမှတ်ခံထားရသော ဒဂုံတက္ကသိုလ်ကျောင်းသား ၇ ဦး အပါအဝင် ယုံကြည်ချက်ကြောင့် သေဒဏ်ချခံထားရသော ကျောင်းသားပြည်သူတွေနှင့် အတူ ရပ်တည်ကြောင်းပြသကာ ဆန္ဒပြ လှုပ်ရှားခဲ့ကြောင်း သိရသည်။

အဆိုပါ လှုပ်ရှားမှုတွင် နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ (ထားဝယ်)၊ အခြေခံပညာကျောင်းသားများသပိတ်ကော်မတီ_(လောင်းလုံးမြို့နယ်)၊ LGBT၊ လောင်းလုံးမြို့နယ် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ၊ ထားဝယ်ခရိုင် ဒီမိုကရေစီအရေးလှုပ်ရှားမှုသပိတ်ကော်မတီတို့က ဦးဆောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စာတည်း - သန့်ဇော်(သန်လျင်)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required