ချင်းမိုင်မြို့တွင် “သေဒဏ်ပေးမှု ချက်ချင်းရပ်” လှုပ်ရှားမှု ပြုလုပ်

ချင်းမိုင်မြို့တွင် “သေဒဏ်ပေးမှု ချက်ချင်းရပ်” လှုပ်ရှားမှု ပြုလုပ်

ထိုင်းနိုင်ငံ ချင်းမိုင်မြို့ရှိ Three Kings Monument တွင် “သေဒဏ်ပေးမှု ချက်ချင်းရပ်” လှုပ်ရှားမှုကို ယနေ့ ဒီဇင်ဘာလ ၆ရက် ညနေပိုင်းက ပြုလုပ်ခဲ့သည်။

စစ်ကောင်စီမှ ဒဂုံတက္ကသိုလ်ကျောင်းသား ခုနှစ် ဦးကို နိုဝင်ဘာလ ၃၀ ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်သည့် အပေါ် ချင်းမိုင်ရောက် မြန်မာပြည်သူများနှင့် ကျောင်းသားကျောင်းသူများမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချသည့်အနေဖြင့် လှုပ်ရှားမှု ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလှုပ်ရှားမှုတွင် ချင်းမိုင်တက္ကသိုလ်မှ မြန်မာနှင့်ထိုင်း ကျောင်းသားကျောင်းသူများမှ မရေရာ မသေချာတဲ့ အနာဂါတ်ရှိနေပေမဲ့လည်း စစ်အာဏာလုံးဝအုပ်ချုပ်ခွင့်မရစေရဘူးဆိုတာကို ပြသသည့် အနေဖြင့် ပေါင်ဒါမှုန့်များ ပတ်ဖျန်းကာသရုပ်ဖော်မှုတစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။

ထို့အပြင် အဆိုပါအခမ်းအနားသို့ ဦးမင်းကိုနိုင်ပေးပို့သည့် ကဗျာကိုလည်း ကျောင်းသားတစ်ဦးမှ ရွတ်ဆိုခဲ့ပြီး ချင်းမိုင်ရောက် မြန်မာပြည်သူများနှင့် ကျောင်းသားကျောင်းသူ ၁၀၀နီးပါး ပါဝင်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required