အာဖဂန်နစ္စတန်တွင် ပါကစ္စတန်သံတမန်ကို လုပ်ကြံရန် ကြိုးပမ်းမှုအပေါ် ဝန်ကြီးချုပ် ရှာရစ် ပြစ်တင်ရှုတ်ချ

By The Print
05 December 2022
အာဖဂန်နစ္စတန်တွင် ပါကစ္စတန်သံတမန်ကို လုပ်ကြံရန် ကြိုးပမ်းမှုအပေါ် ဝန်ကြီးချုပ် ရှာရစ် ပြစ်တင်ရှုတ်ချ

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့၌ ပါကစ္စတန် အဆင့်မြင့်သံတမန်ဖြစ်သည့် အူဘိတ်-အူရ်-ရာမန် နီဇာမန်နီကို ပစ်မှတ်ထားသည့် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းမှု ဖြစ်ရပ်အပေါ် ပါကစ္စတန်ဝန်ကြီးချုပ် ရှာဘတ်စ် ရှာရစ်က ဒီဇင်ဘာ ၂ ရက်တွင် ပြစ်တင်ဝေဖန်လိုက်ပြီး ထိုဖြစ်စဉ်အပေါ် အမြန်ဆုံး စုံစမ်းစစ်ဆေးရေး တောင်းဆိုလို က်သည်။

ဖြစ်စဉ်တွင် တိုက်ခိုက်သူကြောင့် ပါကစ္စတန်သံတမန် ထိခိုက်မှု မရှိခဲ့သော်လည်း ကဘူးလ်မြို့ သံရုံးအပြင်ဘက်ရှိ လုံခြုံရေးအစောင့်ဝန်ထမ်းသာ ထိခိုက်ဒဏ်ရာရခဲ့သည်။

“ကဘူးလ်မှာ မိမိတို့ သံရုံးအကြီးအကဲကို လုပ်ကြံသတ်ဖြတ်ဖို့ ကြိုးပမ်းတဲ့ သူရဲဘောကြောင်တဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ရှုတ်ချတယ်။ သံရုံးအကြီးအကဲရဲ့ အသက်ကို ကယ်ရင်း ကျည်ထိမှန် ဒဏ်ရာရသွားတဲ့ ရဲရင့်တဲ့ လုံခြုံရေးအမှုထမ်းကိုလည်း ချီးကျူးပါတယ်။ သူ အမြန်ဆုံး ပြန်သက်သာဖို့ ဆုတောင်းပါတယ်။ ဒီလိုမျိုး စက်ဆုပ်ရွံရှာဖို့ ကောင်းတဲ့ လုပ်ရပ်မှာ ကျူးလွန်သူတွေကို အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့ မိမိ တောင်းဆိုတယ်” ဟု ပါကစ္စတန်ဝန်ကြီးချုပ် ရှာရစ်က တွစ်တာတွင် ရေးသည်။

လက်ရှိအချိန်တွင် အာဖဂန်နစ္စတန်နှင့် ပါကစ္စတန် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှုများ ရှိနေစဉ် အာဖဂန်နစ္စတန်၌ ပါကစ္စတန်သံတမန်ကို ပစ်မှတ်ထားသည့် လုပ်ကြံရန်ကြိုးပမ်းမှုဖြစ်စဉ် ပေါ်ပေါက်ခြင်း ဖြစ်ကြောင်း ပါကစ္စတန်ဝန်ကြီးချုပ်က ပြောသည်။

ပါကစ္စတန်သံရုံးဝင်း၌ ဖြစ်ပွားသော တိုက်ခိုက်မှုတွင် တိုက်ခိုက်သူသည် သံရုံးအကြီးအကဲ အူဘိတ်-အူရ်-ရာမန် နီဇာမန်နီကို ပစ်မှတ်ထားခဲ့ခြင်းဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၂ ရက်တွင် ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required