ကမ္ဘာ့အဆင့်မီ စစ်တပ်တည်ဆောက်ရေးအတွက် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုရန် တရုတ် ရည်ရွယ်နေ

ကမ္ဘာ့အဆင့်မီ စစ်တပ်တည်ဆောက်ရေးအတွက် ဉာဏ်ရည်တုနည်းပညာကို အသုံးပြုရန် တရုတ် ရည်ရွယ်နေ

တရုတ်က အဓိက နယ်ပယ် ၄ ခုတွင် ဉာဏ်ရည်တုနည်းပညာ (AI )ကို ဖြန့်ကျက်ရန် စီစဉ်နေပြီး တစ်ခုမှာ ဒရုန်းအုပ်စုလိုက်အသုံးပြုမှုများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမဲ့လက်နက်များအသုံးပြုနိုင်ရေး တို့ ဖြစ်သည်။

တရုတ်က ကမ္ဘာ့အဆင့်မီစစ်တပ်ကို တည်ဆောက်ရေးအတွက် လူထိန်းချုပ်ရန်မလိုသည့် လူမဲ့စနစ်များနှင့် လူမဲ့လက်နက်များကို အသုံးပြုလိုသည်ဟု အင်ဒို-ပစိဖိတ်မဟာဗျူဟာဆက်သွယ်ရေးဗဟိုဌာန (IPCSC) က သတင်းထုတ် ပြန်ခဲ့သည်။

အောက်တိုဘာ ၁၆ ရက်က ကျင်းပသည့် တရုတ်ကွန်မြူနစ်ပါတီ (CCP) ၏ အကြိမ် ၂၀ မြောက် အမျိုးသား ညီလာခံတွင် ရှီကျင့်ဖျင်က ခေတ်မီဆိုရှယ်လစ်နိုင်ငံ ထူထောင်ရေးသည် တရုတ်စစ်တပ်(PLA) ပိုမိုလျင်မြန်စွာ ကမ္ဘာ့အဆင့်မီ စစ်တပ် ဖြစ်လာရေးအပေါ် မူတည်ကြောင်း ပြောကြားခဲ့သည်။

လွန်ခဲ့သည့် ၅ နှစ်က ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် ရှီက ယခုရာစုနှစ် အလယ်ပိုင်းတွင် တရုတ်တွင် ကမ္ဘာ့ အဆင့်မီ စစ်တပ်တစ်ခု ရှိလာမည်ဖြစ်ကြောင်း ကြေညာခဲ့သော်လည်း တိကျ၏ အချိန်ကာလကို မဖော်ပြထားဘဲ ပန်းတိုင်ကို မြန်မြန်ဆန်ဆန်ရောက်ရှိမည်ဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။

လူမဲ့လက်နက်များနှင့် ဉာဏ်ရည်တုနည်းပညာများ ဖြန့်ကျက်ခြင်းအပေါ် အထူးအလေးပေးခြင်းဖြင့် PLA သည် နောက်ဆုံးပေါ်နည်းပညာမှ အခွင့်ကောင်းယူရန် ကြိုးပမ်းနေသည်ဟု IPCSC က ဖော်ပြခဲ့သည်။

၂၀၁၉ခုနှစ် နိုင်ငံတော် ကာကွယ်ရေး စက္ကူဖြူစာတမ်းကို ထုတ်ဝေပြီးကတည်းက ဉာဏ်ရည်တုနည်းပညာကို အခြေခံသည့် လက်နက်စနစ်များ အသုံးပြုခြင်းကို ရည်ညွှန်းသည့် ဉာဏ်ရည်ဟူသော ဝေါဟာရသည်။

တရုတ်တွင် လျင်မြန်စွာ ရေပန်းစားလာခဲ့သည်။ ယင်းအစီရင်ခံစာတွင် ရှီကျင့်ဖျင်က ဉာဏ်ရည်ဟူသော စကားလုံးကို ၃ ကြိမ်တိုင်တိုင် အသုံးပြုခဲ့သည်။

၂၀၂၂ခုနှစ် ညီလာခံတွင် ရှီက PLA ၏ ပေါင်းစပ်ဖွံ့ဖြိုးတိုးတက်မှုကို စက်မှုနည်းပညာ၊ သတင်းအချက်အလက် နည်းပညာနှင့် ဉာဏ်ရည်တုနည်းပညာများမှ တစ်ဆင့် တရုတ်က ပံ့ပိုးကူညီသွားမည်ဟု ကတိပြုခဲ့သည်။

၂၀၂၀ပြည့်နှစ်နောက်ဆုံးထားပြီး PLA သည် စက်တပ်တင်ခြင်း၊ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်းနှင့် ယင်း၏ မဟာဗျူဟာမြောက်စွမ်းရည်များကို သိသာထင်ရှားစွာမြှင့်တင်မည်ဖြစ်ကြောင်း ၂၀၁၇ ခုနှစ်က ကျင်းပခဲ့သည့် ၁၉ ကြိမ်မြောက် ပါတီညီလာခံတွင် ရှီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly