စစ်ကိုင်းတွင် အမျိုးသမီး ၁ ဦး ချစ်သူနှင့်ချိန်းတွေ့စဉ် ဓာတ်ဆီလောင်းမီးရှို့ခံရ

စစ်ကိုင်းတွင် အမျိုးသမီး ၁ ဦး ချစ်သူနှင့်ချိန်းတွေ့စဉ် ဓာတ်ဆီလောင်းမီးရှို့ခံရ

မန္တလေး(မဇ္စျိမ)။  ။စစ်ကိုင်းမြို့တွင် အမျိုးသမီးတစ်ဦး ချစ်သူနှင့်ချိန်းတွေ့စဉ် ဓာတ်ဆီလောင်း မီးရှို့ခံရမှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
“အွန်လိုင်းကတစ်ဆင့်ချစ်သူဖြစ်ကြပြီး ချိန်းတွေ့ကြတာလို့ပြောတာပဲ၊ အသက် ၂၀ ကျော်၀န်းကျင်အရွယ် လေးတွေပါ၊ စကားအချေအတင်ဖြစ်ကြပြီး ကောင်လေးကကောင်မလေးကို အုတ်ခဲနဲ့ ခေါင်းကိုထုလိုက် တယ်။ ကောင်မလေးမေ့လဲနေတုန်း ဓာတ်ဆီလောင်းပြီး မီးရှို့သတ်ဖို့ကြံတယ်။ ကောင်မလေးက ချက်ချင်းသတိရပြီးအော်တော့ ပတ်၀န်းကျင်ကရောက်လာလို့ အသက်မီသွားတာ” ဟု အခင်းဖြစ်စဉ်အား သွားရောက်ကူညီပေးခဲ့သူတစ် ဦးကပြောသည်။
အဆိုပါဖြစ်စဉ်မှာ ဒီဇင်ဘာ ၅ ရက်နေ့ ညနေ ၆ နာရီခန့်ကဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်ကိုင်းမြို့ ဒါး၀ယ်စျေး ရပ်ကွက်ရှိ သရက်ခြံတစ်ခုအတွင်းဖြစ်ကြောင်း နယ်မြေခံရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။
“ကောင်လေးထွက်ပြေးပုန်းနေတဲ့နေရာကနေ ဒီမနက်ပဲ ဖမ်းမိနိုင်ခဲ့တယ်၊ အမှုဖွင့်ထားပါတယ်” ဟု နီးစပ် သူတစ်ဦးကပြောသည်။
ပြစ်မှုကျူးလွန်သူသည် စစ်ကိုင်းမြို့ ကနားတော်ကျေးရွာနေ ကျောက်သွေးကျောက်ဖြတ်လုပ်ကိုင်သူ ဇာနည်ထွန်း(ခ)ရဲရင့်(အသက် ၂၄ နှစ်)ဖြစ်ပြီး ၎င်းအား ပြစ်မှုကျူးလွန်ထွက်ပြေးသွားပြီးနောက် ၁၃ နာရီ ခန့်အကြာတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်ကြောင်း စစ်ကိုင်းခရိုင်ရဲတပ်ဖွဲ့နှင့်နီးစပ်သူများထံမှ သိရသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#စစ်ကိုင်းမြို့
#ဓာတ်ဆီလောင်းမီးရှို့
#ပြစ်မှုကျူးလွန်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required