ဖြတ်ညှပ်ကပ်ဗီဒီယိုဖြင့် နွေဦးတော်လှန်ရေးကျဆုံးကြောင်း ဒေါက်တာဇော်ဝေစိုးဝန်ခံသည်ဟုဆိုကာ သတင်းမှား ဖြန့်နေ

ဖြတ်ညှပ်ကပ်ဗီဒီယိုဖြင့် နွေဦးတော်လှန်ရေးကျဆုံးကြောင်း ဒေါက်တာဇော်ဝေစိုးဝန်ခံသည်ဟုဆိုကာ သတင်းမှား ဖြန့်နေ

မဇ္ဈိမ ။ ။အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၏ ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးမှ နွေဦးတော် လှန်ရေးကျဆုံးကြောင်း ဝန်ခံသည်ဟုဆိုကာ ရုပ်သံဖိုင်တစ်ခု ပျံ့နှံ့လျက်ရှိသည်။ ထိုရုပ်သံဖိုင်မှာ ဖြတ်ညှပ် ကပ်ပြုပြင်ထားသည့် ရုပ်သံဖိုင်ဖြစ်သည်။

စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ဖြစ်သည့် "Min Din" ဆိုသည့် ချန်နယ်မှ ဒီဇင်ဘာ ၁ ရက်နေ့ တွင် "NUG ရော တော်လှန်ရေးရော ကျဆုံးသွားကြောင်း ဒေါက်တာဇော်ဝေစိုးမှ ရဲရဲတောက်ဝန်ခံသွားပါ တယ်။ သို့သော် သူတို့အနေနဲ့ အောင်မြင်သယောင် ဆက်တင်းခံသွားပါမယ်ဆိုတဲ့အကြောင်း ပြောကြား သွားပါတယ်" ဟု ရေးသားကာ ၃၃ စက္ကန့်ကြာ ရုပ်သံဖိုင်တစ်ခု ဖြန့်ဝေထားသည်။

ထိုရုပ်သံဖိုင်သည် တယ်လီဂရမ်ချန်နယ် ခုနစ်ခုတွင် ပျံ့နှံ့နေပြီး ကြည့်ရှုသူ ၁၅,၀၀၀ ခန့်ရှိနေပြီ ဖြစ်သည်။

အလားတူ ဖေ့စ်ဘုတ်တွင်လည်း ပြန်လည်ဖြန့်ဝေမှုများ ရှိခဲ့သည်။

မဇ္ဈိမ၏အချက်အလက်စစ်ဆေးချက်များအရ သတင်းတုတွင်ဖော်ပြထားသည့် ရုပ်သံဖိုင်တွင် စကားပြော သည့်အသံနှင့် အနောက်မှရုပ်ကပ် ကိုက်ညီမှုမရှိကြောင်း‌တွေ့ရသည်။

ထို့ပြင် ဖိုင်၏အောက်ဘက်ထောင့်တွင် Power Director ဟူသောစာသားကိုတွေ့ရသည်။ ယင်း Power Director သည် ဖုန်းဖြင့် အလွယ်တကူ ရုပ်သံဖိုင်များပြုပြင်တည်းဖြတ်နိုင်ပြီး အခမဲ့သုံးရသည့် အက်ပလီ ကေးရှင်းတစ်ခုဖြစ်သည်။

မူရင်းရုပ်သံဖိုင်မှာ PVTV သတင်းဌာနမှ တွေ့ဆုံမေးမြန်းသတင်းခန်းအစီအစဉ်တွင် ဒေါက်တာဇော်ဝေစိုး နှင့် အစီစဉ်တင်ဆက်သူစောထွန်းအောင်တို့ တွေ့ဆုံမေးမြန်းခန်းမှ တင်ဆက်မှုဖြစ်ကြောင်းတွေ့ရပြီး ဖိုင် အတုတွင် ပါဝင်သကဲ့သို့ ပြောဆိုခဲ့ခြင်းမရှိပေ။ မူရင်းရုပ်သံဖိုင်ကို PVTV မှ နိုဝင်ဘာလ ၂၂ ရက်နေ့တွင် တင်ဆက်ထားသည်။ လင့် - https://bit.ly/3BadbXK

အလားတူပင် PVTV သတင်းဌာန၏ သတင်းလား၊ ဂျင်းလားအစီအစဉ်တွင် ထိုရုပ်သံဖိုင်မှာ အတုဖြစ် ကြောင်း ဒီဇင်ဘာ ၅ ရက်နေ့က ဖော်ပြထားသည်။ လင့် - t.ly/H_Gm

ရုပ်သံတည်းဖြတ်သူတစ်ဦးမှလည်း ထိုရုပ်သံဖိုင်နှင့်ပတ်သက်၍ “အလကားရတဲ့ မိုဘိုင်းလ် app နဲ့ ဖြတ် ထားတာ၊ တော်တော်ဖြတ်ထားပုံရတယ်၊ ကတ်တွေခုန်နေတာ နည်းနည်းနောနောမဟုတ်၊ ဂျင်း " ဟု ဖိုင်အတုအပေါ် မှတ်ချက်ပြုသည်။

ထို့ကြောင့် NUG ကျန်းမာရေးဝန်ကြီးမှ နွေဦးတော်လှန်ရေးကျဆုံးကြောင်း၊ NUG ကျဆုံးကြောင်းဖြေ ကြားထားသည်ဆိုသည့်ရုပ်သံဖိုင်သည် နည်းပညာကိုအသုံးပြုကာ မိမိလိုအပ်သလို တည်းဖြတ်ထားသည့် သတင်းအတုသာ ဖြစ်သည်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့်သို့ - https://bit.ly/3x5qnf5 ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required