သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်မလွှတ်ပေးသေးဟု သတင်းရင်းမြစ်များပြော

သိက္ခာတော်ရဆရာတော် ဒေါက်တာ ခလမ်ဆမ်ဆွန်ကို ပြန်မလွှတ်ပေးသေးဟု သတင်းရင်းမြစ်များပြော

ကေဘီစီဥက္ကဌ (ငြိမ်း) သိက္ခာတော်ရ ဆရာကြီး ဒေါက် တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက အခုလက်ရှိအ ချိန်ထိ ပြန်လည်လွတ်ပေးခြင်းမရှိသေးကြောင်း မှတ်ယူထားနိုင်ကြောင်း မိသားစုနှင့်နီးစပ်သူများက မဇ္ဈိမကိုပြောသည်။

ဒီဇင်ဘာလ ၄ ရက်နေ့ မနေ့ ညနေပိုင်းက မန္တလေးလေဆိပ်တွင် ဖမ်းဆီးခံလိုက်ရသည့် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် (KBC) ဥက္ကဋ္ဌ (ငြိမ်း) သိက္ခာတော်ရဆရာကြီး ဒေါက်တာ ခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက် ယခုသတင်းရေးသားချိန် (မြန်မာစံတော်ချိန် ညနေ ၅ နာရီ ၂၀ မိနစ်) အချိန်ထိပြန်လည်လွတ် မြောက်လာခဲ့ခြင်းမရှိသေးသလို အဆက်အသွယ်လည်း ပြတ်တောက်နေစဲဖြစ်ကြောင်း ကေဘီစီသတင်းနှင့်ပြန်ကြားရေးအဖွဲ့ကပြောသည်။

" အိမ်ကိုပြန်ရောက်မှ လွတ်တယ်လို့ပြောလို့ရမယ်။ အခုက ဘယ်မှာမှန်းမသိသေးဘူး။ သူတို့ (စစ်တပ်) က တိုးတိုးတိတ်တိတ်နဲ့ လုပ်နေတာဆိုတော့ ခုထိဘာမှပြောလို့မရသေးဘူး" ဟု ပြန်ကြားရေးအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ဆရာတော်ကို ခေါ်ယူစစ်ဆေးပြီးတဲ့နောက် ဒီဇင်ဘာ ၅ ရက် ဒီနေ့မွန်းလွဲပိုင်းမှာ စစ်ကောင်စီဘက်က ဆရာတော်အား ပြန်လွတ်ပေးလိုက်ပြီဆိုသော သတင်းများက လူမှုကွန်ရက်အသုံးပြုသူ ကချင်အသိုင်းအဝိုင်းကြား ပျံ့နှံ့နေခဲ့သော်လည်း ကေဘီစီအသင်းချုပ်အနေဖြင့် အတည်ပြုရခက်နေစဲဖြစ် သည်ဟုဆိုသည်။

မည်သည့်အတွက်ကြောင့် ဖမ်းဆီးစစ်ဆေးမှုပြုသည်ကို အတိအကျမသိရသေးဘဲ ကျန်းမာရေးမကောင်းသော ဒေါက်တာ ခလမ်ဆန်ဆွန်အတွက် စိုးရိမ်ကြောင်းလည်း ကေဘီစီအသိုင်းအဝိုင်းက ပြောသည်။

မန္တလေးလေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးအရာရှိများက ဒေါက်တာ ခလမ်ဆမ်ဆွန်၏ နိုင်ငံကူးလက်မှတ်နှင့် အချက်အလက်များ စစ်ဆေးရာမှာ စစ်ကောင်စီပေးပို့ထားသော ပြည်ပထွက်ခွာခွင့် ပိတ်ပင်ထားသူများစာရင်းတွင် သိက္ခာတော်ရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ပါဝင်နေသည့်အတွက် ဖမ်းဆီးခံနေရခြင်းဖြစ်ကြောင်း မဇ္ဈိမက ကနဦးစုံစမ်းသိရှိရသည်။

ဒေါက်တာခလမ်ဆမ်ဆွန်သည် KBC ၏ အမြဲတမ်း အကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်နေစဲဖြစ်သလို၊ ငြိမ်းချမ်းရေးအကျိုးတော်ဆောင်အဖွဲ့ PCG ၏အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ကာ ကချင်အမျိုးသားများ အတိုင် ပင်ခံအဖွဲ့ (WMR)ဥက္ကဌလည်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required