စစ်ကောင်စီကဖမ်းဆီးထားသည့် ထားဝယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင် ပြန်လည်လွတ်မြောက် လာ

စစ်ကောင်စီကဖမ်းဆီးထားသည့် ထားဝယ်ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးကိုကိုနိုင် ပြန်လည်လွတ်မြောက် လာ

မဇ္ဈိမ။ ။တနင်္သာရီတိုင်း ထားဝယ်မြို့ပေါ်တွင် စစ်ကောင်စီ၏ဖမ်းဆီးခြင်းခံရသည့် ထားဝယ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူးဦးကိုကိုနိုင် ပြန်လည်လွတ်မြောက်လာပြီးဖြစ်ကြောင်း ထားဝယ်မြို့နယ် ကြက်ခြေနီ အသင်းခွဲထံမှ သိရသည်။

“ဦးကိုကိုနိုင် ပြန်လွတ်လာပါပြီ။ အခုလ ၂ ရက်နေ့က လွတ်လာတာဖြစ်ပါတယ်”ဟု မိသားစုဝင်တစ်ဦးက ပြောသည်။

ဦးကိုကိုနိုင်အား စစ်ကောင်စီက မည့်သည့်အတွက် ဖမ်းဆီးခဲ့ခြင်းနှင့် မည့်သို့ပြန်လည် လွတ်မြောက်လာ သည်ကိုမူ မိသားစုဝင်များနှင့်အသင်းအနေဖြင့် အသေးစိတ်ပြောဆိုရန် အဆင်မပြေကြောင်း ပြောဆိုထား သည်။

ဦးကိုကိုနိုင်အား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၇ ရက်နေ့က အစည်းတစ်ခုသို့သွားစဉ် စစ်ကောင်စီတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

စာတည်း။ ။စောဖေ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required