အငြင်းပွားနေသည့် တရုတ်နယ်စပ်အနီးတွင် အိန္ဒိယနှင့် အမေရိကန်တို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

By SCMP
04 December 2022
အငြင်းပွားနေသည့် တရုတ်နယ်စပ်အနီးတွင် အိန္ဒိယနှင့် အမေရိကန်တို့ စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အိန္ဒိယနှင့် အမေရိကန်တို့က တရုတ်နှင့် တင်းမာမှုများ မြင့်တက်လာမှုကို ဖြေရှင်းဆောင်ရွက်ရန် ကြိုးပမ်းနေချိန်တွင် နှစ်နိုင်ငံတပ်ဖွဲ့များသည် အငြင်းပွားနေသော တရုတ်နယ်စပ်အနီးရှိ ရာသီဥတုအေးသော တောင်တန်းဒေသတွင် တောင်ပေါ်စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်ခဲ့သည်။

စစ်ရေးလေ့ကျင့်မှုအတွင်း အိမ်တစ်အိမ်အတွင်းမှ သေနတ်သမားများကို ရှင်းလင်းရန် အိန္ဒိယ စစ်သားများအား ရဟတ် ယာဉ်များပေါ်မှ ဆင်းလာသည့် လက်နက်မဲ့တိုက်ခိုက်ရေးစွမ်းရည်သရုပ်ပြသမှုကို နိုဝင်ဘာ ၂၉ရက်က ပြုလုပ်ခဲ့ ကြသည်။

ရန်သူ၏ ဒရုန်းငယ်များကို ဖျက်ဆီးရန် လေ့ကျင့်ထားသော စွန်ရဲများကို တပ်ဖြန့်ခြင်း၊ အခြားလေ့ကျင့်မှု များတွင် အနံ့ခံခွေးများနှင့် ဗုံးရှင်းလင်းရေးယာဉ်များ ပါဝင်ခဲ့သည်။

“ကောင်းမွန်တဲ့ အတွေ့အကြုံတစ်ခုပါပဲ။ စစ်တပ် ၂ ခုအကြား အကောင်းဆုံးအလေ့အကျင့်တွေကို မျှဝေခဲ့ ပါတယ်” ဟု အိန္ဒိယစစ်တပ်မှ ဗိုလ်မှူးချုပ် ဗာမာက ပြောကြားခဲ့သည်။

နှစ်စဉ် စစ်ရေးလေ့ကျင့်မှုကို မြောက်ပိုင်း အက်ထရာခန်ပြည်နယ်ရှိ တောင်ပေါ်စခန်းတစ်ခုဖြစ်သည့် အောလီ အနီးတွင် ပြုလုပ်ခဲ့သည်။ အမေရိကန်တပ်ဖွဲ့ဝင်များသည် လေကြောင်းချီတပ်မ ၁၁၏ တပ်မဟာ ၂ မှ ဖြစ်ပြီး အိန္ဒိယတပ်ဖွဲ့ဝင်များသည် အာသံတပ်မဟာမှ ဖြစ်သည်။

စစ်ရေးလေ့ကျင့်မှုတွင် ထောက်လှမ်းရေး၊ တောင်ပေါ်စစ်ဆင်ရေး ကျွမ်းကျင်မှု၊ ထိခိုက်ဒဏ်ရာရသူများကို ဘေး လွတ်ရာသို့ ရွှေ့ပြောင်းခြင်းနှင့် ဆိုးရွားသော မြေပြင်အနေအထားနှင့် ရာသီဥတုအခြေအနေများတွင် တိုက်ခိုက် ရေး ဆေးဘက်ဆိုင်ရာအကူအညီပေးရေးများကို အဓိကထားလေ့ကျင့်ခဲ့ကြောင်း အိန္ဒိယကာကွယ်ရေးဝန်ကြီး ဌာနက ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီ၊ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ငြိမ်းချမ်းရေး ထိန်းသိမ်းမှုနှင့် စပ်ဆက်သည့် လုပ်ငန်းများလည်း ပါဝင်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

"Yudh Abhyas" စစ်ရေးလေ့ကျင့်မှုကို ၂၀ဝ၀ပြည့်နှစ်များအစောပိုင်းကတည်းက အမေရိကန်နှင့် အိန္ဒိယတို့ တွင် တစ်လှည့်စီပြုလုပ်ခဲ့ကြပြီး ၂၀၂၁ခုနှစ်က အမေရိကန်နိုင်ငံ၊ အလက်စကာပြည်နယ်တွင် ပြုလုပ်ခဲ့သည်။

အိန္ဒိယနှင့် တရုတ်တို့သည် ၁၉၆၂ ခုနှစ်တွင် နယ်စပ်တစ်လျှောက် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly