ဆန္ဒပြသူများကို ခြေရာခံရာတွင် တရုတ်ရဲများက ဆဲလ်ဖုန်းအချက်အလက်များကို အသုံးပြုနေ

ဆန္ဒပြသူများကို ခြေရာခံရာတွင် တရုတ်ရဲများက ဆဲလ်ဖုန်းအချက်အလက်များကို အသုံးပြုနေ

တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ တင်းကျပ်သည့် ကိုဗစ်စည်းကမ်းများအား ကန့်ကွက်ဆန္ဒပြခဲ့သူများကို ခြေရာခံရာတွင် အာဏာပိုင်များက ဆဲလ်ဖုန်းအချက်အလက်များကို အသုံးပြုလျက်ရှိကြောင်း ဆန္ဒပြသူတစ်ဦးနှင့် ရဲတို့အကြား ဖုန်းဆိုမှုမှတမ်းကို သိရှိခဲ့ရသည့် CNN သတင်းဌာနက ဖော်ပြခဲ့သည်။

ပေကျင်းမြို့၏ လီယန်မာ မြစ်တစ်လျှောက်တွင် နိုဝင်ဘာ ၂၇ ရက်က ဆန္ဒပြသူရာပေါင်းများစွာ စုဝေးခဲ့ကြပြီး အဆက်မပြတ် ကိုဗစ်စစ်ဆေးခြင်းနှင့် အသွားအလာပိတ်ဆို့မှုများကို ရပ်တန့်ရန် တောင်းဆိုခဲ့ကြသလို အချို့ကလည်း အာဏာရှင်စနစ်ကို ရှုတ်ချပြစ်တင်ကာ နိုင်ငံရေးလွတ်လပ်မှု ပိုမိုရရှိရန် တောင်းဆိုခဲ့ကြသည်။

ရှန်ဟိုင်းမြို့တော်တွင် ထူးထူးခြားခြား ဖြစ်ပွားခဲ့သည့် ဆန္ဒပြုမှုသည် နိုဝင်ဘာ ၂၈ ရက် နံနက်ပိုင်းက အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြသည်။ သို့သော် ဆန္ဒပြရာတွင် ပါဝင်သည့်ကိစ္စအား ရဲများက ဖုန်းခေါ်ဆို မေးမြန်းခဲ့ကြသည်။

ဆန္ဒပြရာတွင် ပါဝင်ခဲ့သူတစ်ဦးက သူ့အနေဖြင့် ဆန္ဒပြမှုဖြစ်ပွားသည့် နေရာတွင် ဖုန်းပြောဆိုခဲ့သည့် မှတ်တမ်းကို တွေ့ရှိခဲ့သည်ဟုဆိုကာ ရဲအရာရှိတစ်ဦးက နိုဝင်ဘာ ၃၀ တွင် ဖုန်းခေါ်ဆိုလာကြောင်း CNN သတင်းဋ္ဌာနသို့ ပြောကြားခဲ့သည်။

အဆိုပါ သတင်းတွင် ဆန္ဒပြသူများ အန္တရာယ်မရှိစေရေးအတွက် ၎င်းတို့အမည်များကို CNN က ဖော်ပြခဲ့ခြင်းမရှိပေ။

CNN က ကြားသိခဲ့ရသည့် ဖုန်းပြောဆိုမှုမှတ်တမ်းတွင် ဆန္ဒပြသူအား လီယန်မာမြစ်သို့ လိုက်၊မလိုက်ကို နိုဝင်ဘာ ၂၇ ရက်က မေးမြန်းလာခြင်းဖြစ်သည်။ ဆန္ဒပြသူက ထိုနေရာသို့ မရောက်ရှိကြောင်း ငြင်းဆိုသည့်အခါ ‘ဒါဆို ခင်ဗျားဖုန်းနံပါတ်က အဲဒီနေရာမှာ ဘာလို့ အချက်ပြနေခဲ့တာလဲ” ဟု ဖုန်းခေါ်လာသည့် ရဲအရာရှိက မေးမြန်းခဲ့သည်။

တရုတ်နိုင်ငံတွင် မိုဘိုင်းဖုန်းနံပါတ်အား ဆက်သွယ်ရေးကုမ္ပဏီများထံမှ အမည်ရင်း၊ နိုင်ငံသား အထောက်အထားကဒ်တို့ဖြင့် ဝယ်ယူရသည်။

အဆိုပါ ဆန္ဒပြသူအနေဖြင့် မေးမြန်းစစ်ဆေးခံရန်နှင့် စာရွက်တွင် လက်မှတ်ရေးထိုးရန် ရဲစခန်းသို့ လာရန်လည်း ပြောခဲ့သည်။ မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ လုပ်ရမည်ကို မေးသောအခါ တစ်ဖက်မှ ဖုန်းခေါ်ဆိုသူက ‘ပေကျင်းမြို့တော် ပြည်သူ့လုံခြုံရေးဗျူရိုအဖွဲ့’ ၏ အမိန့်အရဖြစ်ကြောင်း ပြောကြားသည့် အသံဖိုင် မှတ်တမ်းလည်း ရရှိခဲ့သည်။

ဆန္ဒပြသူအချို့က မိမိတို့အား ခြေရာမခံနိုင်၊ မည်သူမည်ဝါမှန်းမသိရှိနိုင်ရန် သတိထားခဲ့ကြသည်။ ဆန္ဒပြသူ အမျိုးသမီးတစ်ဦးက ဆန္ဒပြနေစဉ်အတွင်း သူမ၏ ဖုန်းကို Airplane Mode တွင် ထားခဲ့ရာ သူမအား ဒီဇင်ဘာ ၁ ရက်အထိ ရဲများက ဆက်သွယ်လာခြင်း မရှိသေးကြောင်းCNN သို့ ပြောကြားခဲ့သည်။

ရဲများက ဖမ်းဆီးထားသည့် ဆန္ဒပြသူများထံမှ ဆဲလ်ဖုန်းများကို သိမ်းဆည်းကာ ဖုန်း၏လျှိူ့ဝှက်နံပါတ်ကိုလည်း အထောက်အထားအဖြစ် ပေးခဲ့ရသည်။ ထို့ကြောင့် ရဲများက သူတို့၏ ဖုန်းများအတွင်းမှ အချက်အလက်များကို

ယူသွားမည်ကို စိုးရိမ်ကြောင်း ဖမ်းဆီးခံခဲ့ရသည့် ဆန္ဒပြသူများက ပြောကြားခဲ့သည်။ သူတို့၏ ဖုန်းများကို နောက်တစ်ပတ်ရောက်မှ ပြန်လည်သွားယူရမည်ဖြစ်သည်။

ဆန္ဒပြသူတစ်နောက်ဦးကလည်း ၎င်းအား ပြန်လွှတ်စဉ်ကပင် ဖုန်းကို ပြန်ပေးခဲ့သော်လည်း ဖုန်းအတွင်းမှ ဓာတ်ပုံအယ်လ်ဘမ်ကို ဖျက်ပစ်ခဲ့ပြီး လူမှုမီဒီယာအပလီကေးရှင်း WeChat ကို ဖြုတ်ပစ်လိုက်ကြောင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly