ပေကျင်း၊ မတ် ၇ ။ ။ တရုတ်ကွန်မြူနစ်ပါတီက ၂၀၁၅ တစ်နှစ်အတွင်း အကျင့်ပျက်ခြစားမှုကြောင့် အရာရှိ သုံးသိန်းနီးပါးကို အပြစ်ဒဏ်ပေး ချမှတ်ခဲ့သည်။
ထိုသို့ အပြစ်ပေးရာတွင် တာဝန်ရှိသူ နှစ်သိန်းနီးပါးကို အနုစားပြစ်ဒဏ်များ ပေးခဲ့ပြီး ကျန် ၈၀၀၀၀ နီးပါးအား ပြင်းထန်သည့် ပြစ်ဒဏ်များ ပေးခဲ့ခြင်းဖြစ်သည်။
သမ္မတရှီကျင့်ဖျင်က ၎င်းအစိုးရလုပ်ငန်းစဉ် ဗဟိုချက်အဖြစ် အကျင့်ပျက်ခြစားမှု တိုက်ဖျက်ရေးကို လုပ်ဆောင်လျက်ရှိသည်။
ကွင်းဆက်လိုက်ဖော်ထုတ်ဖမ်းဆီးမှုများဖြင့် အဆင့်မြင့်အရာရှိများစွာကိုလည်း ထောင်ချအပြစ်ပေးခဲ့သည်။
တရုတ်နိုင်ငံက နိုင်ငံပိုင်သတင်းမီဒီယာတွင် လာဘ်စားမှု၊ အာဏာအလွဲသုံးစားမှုနှင့် အခြားအကျင့်ပျက်အမူအကျင့်များနှင့် ပတ်သက်ပြီး စုံစမ်းဖော်ထုတ်မှုများ၊ အပြစ်ပေးအရေးယူမှုများကို နေ့စဉ်နှင့် နီးပါးမျှ ဖော်ပြလျက်ရှိနေသည်။
စည်းကြပ်မှုဗဟိုကော်မတီက အကျင့်ပျက်ခြစားမှုများ၊ ဖမ်းဆီးအရေးယူမှုများနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ပေးခြင်းဖြစ်ကာ အပြစ်ပေးမှုများကို အသေးစိတ် ထုတ်ပြန်ခြင်းခြင်း မရှိပေ။
၂၀၁၅ ခုနှစ်အတွင်း ဖမ်းဆီးခဲ့သူများမှ ပြန်လည်လွှတ်ပေးရသူများလည်း အရေအတွက် တစ်ချို့ရှိထားသည်။