လုံခြုံရေးဆွေးနွေးပွဲတက်မည့် ပါကစ္စတန်လွှတ်တော်အမတ် ပြည်ပထွက်ခွာခွင့် တားမြစ်ခံရ

လုံခြုံရေးဆွေးနွေးပွဲတက်မည့် ပါကစ္စတန်လွှတ်တော်အမတ် ပြည်ပထွက်ခွာခွင့် တားမြစ်ခံရ

ပါကစ္စတန် အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သလို အမျိုးသား ဒီမိုကရက်တစ်လှုပ်ရှားမှုပါတီ ၏ ခေါင်းဆောင်ဖြစ်သည့် မိုဟ်ဆင်း ဒါဝါသည် နိုင်ငံမှ ပြည်ပသို့ ထွက်ခွာခွင့် တားမြစ်ခံခဲ့ရကြောင်း The News International မီဒီယာက ဖော်ပြသည်။

မိုဟ်ဆင်း ဒါဝါသည် တာဂျစ်ကစ္စတန်နိုင်ငံတွင် ကျင်းပမည့် ‘ဟီရတ် လုံခြုံရေး ဆွေးနွေးပွဲ’ တက်ရောက်ရန် ပြည်ပသို့ ထွက်ခွာရန် ပြင်ဆင်ခဲ့ချိန် အစ္စလမ်မာဘတ် နိုင်ငံတကာလေဆိပ်၌ တားမြစ်ခံခဲ့ရခြင်း ဖြစ်သည်။

‘ဟီရတ် လုံခြုံရေး ဆွေးနွေးပွဲ’ သည် မဟာဗျူဟာ လေ့လာမှုဆိုင်ရာ အာဖဂန်ဋ္ဌာနက နှစ်စဉ် စီစဉ်ကျင်းပသည့် နိုင်ငံတကာ ဆွေးနွေးပွဲတစ်ခု ဖြစ်သည်။

မိုဟ်ဆင်း ဒါဝါ၏ အမည်သည် ပြည်ပထွက်ခွာမှု ထိန်းချုပ်စာရင်းတွင် ပါနေသည့်အတွက် ၎င်းသည် ပြည်ပထွက်ခွာခွင့် တားမြစ်ခံရခြင်း ဖြစ်ကြောင်း The News International မီဒီယာက ဖော်ပြသည်။

ဖက်ဒရယ် စုံစမ်းစစ်ဆေးရေး အေဂျင်စီသည် ပါကစ္စတန် လွှတ်တော်အမတ်ကို တာဂျစ်ကစ္စတန်သို့ ဦးတည်မည့် လေယာဉ်ခရီးစဉ်တွင် လိုက်ပါခွင့် တားမြစ်ခဲ့ကြောင်း အဆိုပါမီဒီယာက ဖော်ပြသည်။

သို့သော် လွန်ခဲ့သည့် နှစ်လအကြာက အစိုးရအဖွဲ့၏ အတည်ပြုချက် ရပြီးနောက် ၎င်း၏ အမည်ကို ပြည်ပ ထွက်ခွာမှု ထိန်းချုပ်စာရင်းမှ ဖယ်ရှားထားပြီးဖြစ်ကြောင်း ဒါဝါက ပြောသည်ဟု The News International မီဒီယာက ကိုးကား ဖော်ပြသည်။ “သူတို့ကို ကြိုပြီး အကြောင်းကြားထားတာဖြစ်လိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်” ဟု ၎င်းက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly