တရားမဝင် စစ်ကောင်စီမှာ ကြိုးပေးပိုင်ခွင့် မရှိဘူး (Editorial Talk)

တရားမဝင် စစ်ကောင်စီမှာ ကြိုးပေးပိုင်ခွင့် မရှိဘူး (Editorial Talk)

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်အတွင်းက ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ စစ်မှုထမ်းဟောင်း ဦးစောမိုးဝင်း သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ကာ ကျူးလွန်သူတွေဆိုပြီး ဒဂုံတက္ကသိုလ်က ကျောင်းသား ခုနစ်ယောက်ကို စစ်ကောင်စီက သေဒဏ်အမိန့်ချမှတ်လိုက်ပါတယ်။

ကမ္ဘာ့ရတနာဘဏ် မန်နေဂျာ စစ်မှုထမ်းဟောင်း ဦးစောမိုးဝင်းဟာ အခုနှစ် ဧပြီလ ၁၈ ရက်နေ့က သတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး အင်းစိန်စစ်ခုံရုံးကနေ နိုဝင်ဘာလ ၃၀ ရက်နေ့မှာ ကျောင်းသား ခုနစ်ဦးကို သေဒဏ်အမိန့် ချမှတ်လိုက်တာ ဖြစ်ပါတယ်။

အဲဒီကျောင်းသားတွေဟာ ရှေ့နေငှားခွင့်၊ ခုခံ ချေပခွင့်လဲ မရခဲ့ဘူးလို့ သိရပါတယ်။

ဒီတက္ကသိုလ်ကျောင်းသားတွေကို စစ်ကောင်စီဘက်က တကယ်ကြိုးပေးသတ်ဖြတ်လိုက်ရင် နောက်အကျိုးဆက်က ဘာတွေရှိလာနိုင်မလဲ၊

ဘယ်လိုနည်းလမ်းနဲ့ တားဆီးကြမလဲ

စတာတွေနဲ့ ပတ်သက်ပြီး သတင်းခန်း စီမံခန့်ခွဲမှု အယ်ဒီတာ ဦးစိန်ဝင်းနဲ့ နောင်နောင်တို့က ဆွေနွေးထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required