တရုတ်တွင် ကိုဗစ်ကန့်သတ်ချက်များအား ငြိမ်းချမ်းစွာ ကန်ကွက်ဆန္ဒပြခွင့်ကို အမေရိကန် ထောက်ခံအားပေး

တရုတ်တွင် ကိုဗစ်ကန့်သတ်ချက်များအား ငြိမ်းချမ်းစွာ ကန်ကွက်ဆန္ဒပြခွင့်ကို အမေရိကန် ထောက်ခံအားပေး

တရုတ်တွင် ငြိမ်းချမ်းစွာ ဆန္ဒပြခွင့်ကို အမေရိကန်က ထောက်ခံကြောင်း အိမ်ဖြူတော်က နိုဝင်ဘာ ၂၈ရက်တွင် ထုတ်ပြန်ခဲ့သည်။ မြို့များတွင် ဆန္ဒပြသူများက ပြင်းထန်သော ကိုဗစ်-၁၉ အစီအမံများကို ဆန့်ကျင် ဆန္ဒပြခဲ့နေ သော်လည်း အမေရိကန်က တရုတ်ကို ပြစ်တင်ဝေဖန်ခြင်း မပြုခဲ့ပေ။

ရှန်ဟိုင်းနှင့် ပေကျင်းမြို့များတွင် ပြီးခဲ့သည့် စနေနှင့် တနင်္ဂနွေ သီတင်းပတ်ကုန်ရက်များက ဆန္ဒပြပွဲများကျင်းပရာ နေရာများတွင် တရုတ်ရဲများက လုံခြုံရေး တင်းကျပ်ထားခဲ့ပြီး ယင်းနေရာ၊ တခြားမြို့ကြီးများနှင့် ဒါဇင်နှင့်ချီသည့် တက္ကသိုလ်ကျောင်းဝန်းများ တွင် လွန်ခဲ့သည့် ဆယ်စုနှစ်တစ်ခုက ခေါင်းဆောင် ရှီကျင့်ဖျင် အာဏာရလာပြီးနောက်ပိုင်း မကြုံစဖူး အာဏာဖီ ဆန်မှု ပေါ်ပေါက်လာခဲ့သည်။

"အမေရိကန်နဲ့ ကမ္ဘာတစ်ဝန်းက လူတိုင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြပိုင်ခွင့်ရှိတယ်လို့ ကျွန်တော်တို့ ပြောထားတာ ကြာပါပြီ။ ဒီထဲမှာ တရုတ်နိုင်ငံလဲ ပါဝင်ပါတယ်" ဟု အိမ်ဖြူတော် နိုင်ငံတော်လုံခြုံရေးကောင်စီက ထုတ်ပြန် ချက်တွင် ဖော်ပြထားသည်။

အမေရိကန်က ကာကွယ်ဆေးထိုးနှုန်းကို မြှင့်တင်ခြင်းအပါအဝင် ကိုရိုနာဗိုင်းရပ်တိုက်ဖျက်ရေးအလုပ်ကို အာရုံ စိုက်လုပ်ကိုင်နေကြောင်း ထုတ်ပြန်ချက်က ဆိုသည်။

" တရုတ်က ဒီဗိုင်းရပ်စ်ကို ကိုဗစ်လုံးဝကင်းစင်ရေးမဟာဗျူဟာနဲ့ ထိန်းချုပ်နိုင်ဖို့ အရမ်းခက်ခဲမယ်လို့ ထင်ပါ တယ်" ဟု NSC မှ ဖော်ပြခဲ့သည်။

နိုဝင်ဘာလအစောပိုင်းတွင် သမ္မတ ဂျိုးဘိုင်ဒန်က ဘာလီတွင် ရှီနှင့် လူချင်းတွေ့ဆုံဆွေးနွေးခဲ့ပြီး အမေရိကန်၏ တုံ့ပြန်မှုများက သတိကြီးစွာထားနေပြီး အခြေအနေ ပိုမိုမဆိုးရွားစေရေးအတွက် ရှောင်ရှားနေကြောင်း ဖော်ပြ နေသည်။

သမ္မတရှီ ရာထူးက ဆင်းပေးရန် တောင်းဆိုနေသည် ဆန္ဒပြသူများနှင့် ပတ်သက်ပြီး အမေရိကန်သမ္မတ၏ တုံ့ပြန်မှုအပေါ် အိမ်ဖြူတော်နိုင်ငံတော်လုံခြုံရေး ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီက သတင်းစာရှင်းလင်းပွဲတွင် “ကမ္ဘာတစ်ဝန်းက ဆန္ဒပြသူတွေကို သမ္မတက စကားမပြောပါဘူး။ သူတို့က သူတို့အတွက် ပြောနေတာပါ” ဟု ပြောကြားခဲ့သည်။

တရုတ်တွင် ဖြစ်ပျက်နေသည်များနှင့် ဆန္ဒပြလှုပ်ရှားမှုများကို အမေရိကန်သမ္မတအမြဲမပြတ်သတိပြု စောင့်ကြည့်နေကြောင်း ကာဘီက ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required