ယင်းမာပင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှဦးဆောင်ကာ စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုပြုလုပ်

ယင်းမာပင်မြို့နယ်တွင် ဗကသများအဖွဲ့ချုပ်မှဦးဆောင်ကာ စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုပြုလုပ်

မဇ္ဈိမ။ ။စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် လမ်းပိုင်းတစ်နေရာတွင် ယင်းမာပင်မြို့နယ် ကျောင်းသားများ သမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ ဦးဆောင်ကာ ဆားလင်းကြီးမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်)နှင့် Young Phoenixတို့ ပူးပေါင်း၍ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်အာဏာရှင်ဖြုတ်ချရေး လှုပ်ရှားမှုပြုလုပ်ကြကြောင်း သိရသည်။

အဆိုပါ သပိတ်လှုပ်ရှားမှုတွင် “စေ့စပ်ရေးအတွေးအခေါ် ဆန့်ကျင်ကြ၊ စစ်သုံးစစ်ကို အမြစ်ပြတ် တိုက် ဖျက်ကြ” စာသားပါ ဘန်နာချိတ်ဆွဲကာ ယင်းမာပင်မြို့နယ် တနေရာတွင် ဆန္ဒပြကြခြင်းဖြစ်သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။စောဖေ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required