ဗြိတိန်အမတ်များ၏ ထိုင်ဝမ်ခရီးစဉ်က တရုတ်အတွက် အမျက်ဒေါသဖြစ်စေခဲ့

ဗြိတိန်အမတ်များ၏ ထိုင်ဝမ်ခရီးစဉ်က တရုတ်အတွက် အမျက်ဒေါသဖြစ်စေခဲ့

တရုတ်သည် ပိုင်နက်အဖြစ် မှတ်ယူထားသော ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရထိုင်ဝမ်သို့ ဗြိတိန်အမတ်များ၏ ရက်သတ္တပတ်နီးပါးကြာ လာရောက်မှုအပေါ် ပြစ်တင်ရှုတ်ချလိုက်သည်။

ဗြိတိန်ကိုယ်စားလှယ်အဖွဲ့သည် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး ဂျိုးဇက်ဝူအပါအဝင် အဆင့်မြင့်အရာရှိများနှင့် တွေ့ဆုံခဲ့သည်။ ဗြိတိန်နိုင်ငံခြားရေးရာကော်မတီသည် ထိုင်ဝမ်ဝန်ကြီးချုပ် ဆူဆန်ချန်းနှင့် ဒီဇင်ဘာ ၁ ရက်က တွေ့ဆုံခဲ့ပြီး ဒီဇင်ဘာ ၂ ရက်တွင် သမ္မတ ဆိုင်အင်ဝမ်နှင့်တွေ့ဆုံခဲ့သည်။

တရုတ်ဘက်က ပြင်းပြန်းထန်ထန်ကန့်ကွက်နေသည့်ကြားက ဗြိတိန်အမတ်များသည် တရုတ် ထိုင်ဝမ်ဒေသသို့ သွားရောက်ခဲ့ကြောင်း ဗြိတိန်ရှိ တရုတ်သံရုံးက ဒီဇင်ဘာ ၁ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

တရုတ်၏အကျိုးစီးပွားကို ထိပါးသော မည်သို့သောလှုပ်ရှားမှုမဆိုပြင်းထန်သောတုံ့ပြန်မှုကို တွေ့ကြုံရမည်ဟု သံရုံးထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဗြိတိန်နိုင်ငံခြားရေးရာကော်မတီအဖွဲ့ဝင်များသည် ထိုင်ဝမ်သို့ နိုဝင်ဘာ ၂၉ ရက်က ရောက်ရှိခဲ့သည်။ အဆိုပါထိုင်ဝမ်ခရီးစဉ်သည် ဥရောပသမဂ္ဂမှ ဗြိတိန်နုတ်ထွက်ပြီးနောက်ပိုင်း အင်ဒို-ပစိဖိတ်ဒေသအတွက် ဗြိတိန်၏ပြောင်းလဲလာသော စီးပွားရေးနှင့်နိုင်ငံရေး ဆိုင်ရာအလေးထားလုပ်ဆောင်မှုအတွက် စုံစမ်းစစ်ဆေးမှု တစ်စိတ်တစ်ပိုင်းဖြစ်သည်။

ထိုင်ဝမ်နိုင်ငံခြားဝန်ကြီး ဝူက ဗြိတိန်ကိုယ်စားလှယ်အဖွဲ့ကို ညစာဖြင့် တည်ခင်းဧည့်ခံပြီး အာဏာရှင် ခြိမ်းခြောက်မှုများနှင့် ပြည်တွင်းပြည်ပတွင် စိုးရိမ်ဖွယ်ရာပြဿနာများ တိုးလာကြောင်း ပြောခဲ့သည်။

ယခုဗြိတိန်ကိုယ်စားလှယ်များ၏ ခရီးစဉ်မတိုင်မီ ကော်မတီ ဥက္ကဋ္ဌ အဲလစ်စီယာကန်းက အင်ဒိုပစိဖိတ်နှင့် ဒေသတွင်း ဆက်ဆံရေးအင်အားသည် နိုင်ငံအတွက်အရေးကြီးကြောင်းနှင့် အင်ဒိုပစိဖိတ်ဒေသအတွင်း ထိုင်ဝမ်၏သဘောထားမှာ ထူးခြားပြီး အဖိုးမဖြတ်နိုင်ကြောင်း ပြောခဲ့သည်ဟု Al Jazeera သတင်းဌာနက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required