နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၃ ဒီဇင်ဘာ ၂၀၂၂ ) 

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု ( ၃ ဒီဇင်ဘာ ၂၀၂၂ ) 

ဒီဇင်ဘာလ ၃ ရက်
 

အမျိုးသားညီညွတ်ရေး အစိုးရ 

  • ဒီဇင်ဘာလ ၃ ရက်နေ့တွင်ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့တွင် ကမ္ဘာပေါ်မှာ ရှိသည့် နိုင်ငံများတွင် မသန်စွမ်းသူများ ကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့်   သူတို့ အပေါ်ခွဲခြားမှုများ ပပျောက်ရန် တောင်းဆိုလေ့ရှိကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်ရေးရာ ပြည်ထောင်စု ဝန်ကြီး မှလည်း အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့” သတင်းစကားပါးသည့် ဗီဒီယို ထုတ်ပြန်ထားသည်။ 

  • အရာတော်မြို့နယ် နွားမသင်းကျေးရွာမှ မီးဘေးသင့် ဒေသခံပြည်သူများအား လူသားချင်းစာနာရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံ့ခန့်ခွဲရေးဝန်ကြီးဌာနကလည်း မြို့နယ်တာဝန်ခံမှတဆင့် စစ်တပ်မီးဘေးသင့် အိမ်ထောင်စုတခုလျှင် စောင်တထည်စီနှင့် "ပြည်သူမှ ပြည်သူသို့" ဝိုင်းဝန်းလှူဒါန်းသော စားနပ်ရိက္ခာများ၊ အဝတ်အထည်များကို ထောက်ပံ့ခဲ့ကြောင်း သိရသည်။ 

  • အကြမ်းဖက်စစ်အုပ်စုသည် တရားဥပဒေ ဘောင်မဝင်သော တရားရုံးများ မှတဆင့် စီရင်ချက်များ ချမှတ် ခြင်းများ ပြုလုပ်ပြီး ပြည်သူများ၏ တရား ဥပဒေဆိုင်ရာ အခွင့်အရေးများကို ချိုးဖောက်ခြင်း၊ အဆိုးရွား ဆုံးအနေဖြင့် သေဒဏ်များ ချမှတ်ခြင်း နှင့် သတ်ဖြတ်ခြင်းများ ပြုလုပ်လျက် ပြည်သူများ၏ အသက်ရှင် သန်ခွင့်ကို ချိုးဖောက်ခြင်းများ ကျူးလွန်လျက်ရှိကြောင်း လူ့အခွင့်အရေးရာဝန်ကြီးဌာနမှ ထုတ်ပြန်သည်။ 

  • တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးဟောင်းနဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတဟောင်း ကျန်ဇီမင်း ကွယ်လွန်ခြင်းအတွက် အမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီ ဒေါ်ဇင်မာအောင်က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့ကြောင်း သိရသည်။ 

  • အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီနှင့် တိုးချဲ့ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲအစည်းအဝေး (၁၈/၂၀၂၂)ကို ဒီဇင်ဘာ ၂ ရက် မနက် ၉ နာရီအချိန်မှာ ပြုလုပ်ခဲ့သည်။ 

တော်လှန်ရေး လှုပ်ရှားမှုများ 

  • မြန်မာစစ်အုပ်စု၏ မတရားဖမ်းဆီးအကျဉ်းချခံခဲ့ရပြီး ပြန်လည်လွတ်မြောက်လာသည့် ဩစတြေးလျနို င်ငံသား စီပွားရေးပညာရှင် ရှောင်တာနယ်နှင့် ဇနီးတို့က ယနေ့ (ဒီဇင်ဘာ ၃) နံနက်ပိုင်းတွင် ဆစ်ဒနီမြို့တွင် ပြုလုပ်သည့် ရံပုံငွေရှာ ဈေးရောင်းပွဲသို့ တက်ရောက်အားပေးခဲ့သည်။ 

  • မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်တွင် PDF ၄ ဦး၏ တိုက်ခိုက်မှုကြောင့် စဉ့်ကူနယ်မြေရဲစခန်းမှူး ဒုရဲမှူး ထွန်းထွန်းဇော် အပါအဝင် ရဲ ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ပါသွားကြောင်း သိရသည်။ 

  • တောင်ကိုရီးယားနိုင်ငံ၊ ဂယောင်နမ်ပြည်နယ်၊ သမ္မတကင်ဒဲဂျုန်၊ နိုဘယ်ဆုရရှိခဲ့သည့် ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ ဒယ်ဂူး ဘုန်းဘုန်းနှင့် ကိုဇော်မိုးအောင်(ကိုရီးယားမြန်မာ ပူးပေါင်း ဆောင်ရွက်ရေးဥက္ကဌ) တို့ တက်ရောက်ပြီး အခမ်းအနားတွင် မြန်မာပြည် နွေဦးတော်လှန်ရေးနှင့် ပတ်သက်သည့် ကိစ္စများ၊ တော်လှန်ရေး ရန်ပုံငွေ ရရှိရေး အရေးပါမှုများကို ဟောပြောခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ်မှ CDM ကျန်းမာရေး ဝန်ထမ်းများ ယင်းမာပင်မြို့နယ် အတွင်း က ကျေးရွာ ၂ရွာနှင့် စစ်ရှောင်စခန်း ၁ သို့ သွားရောက်ပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ကျန်းမာရေး အသိပညာပေး ဟောပြောမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

  • ယင်းမာပင်-ဆားလင်းကြီး ရွာပေါင်းစုံ သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၃ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ 

  • စ်ကိုင်းတိုင်း၊ မုံံရွာမြို့၊ ချောင်းဦး-မုံရွာကားလမ်းပိုင်းတွင် မုံရွာမြို့မှ အိမ်စီးကားဖြင့်ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို နိုဝင်ဘာ ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့ နှစ်ခု ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးထက်မနည်းသေဆုံးနိုင်ကြောင်း Special Forces 11-PDF က သတင်းထုတ်ပြန်ထားသည်။ 

  • စစ်ကိုင်းတိုင်း ၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ဆားထုံး ၊ လက်ပံကျွန်း ၊ တောကျောင်း ကျေး ရွာများကို စစ်ကောင်စီတပ်က နိုဝင်ဘာလ ၃၀ ရက်နေ့မှ စတင်ပြီး မီးရှို့နေသည့်အပြင် အသက်မပြည့်သေးသည့် ကလေးအများအပြားကို ဖမ်းဆီးနေကြောင်း ဒေသခံများထံမှ သိရှိရသည်။ 

  • စစ်ကိုင်းတိုင်း ရွှေဘို-ဒီပဲယင်း-ရေဦး အစပ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသောကြောင့် ကျေးရွာ ၁၀ ရွာကျော်မှ ပြည်သူ ၅၀၀၀ ကျော် ထွက်ပြေး တိမ်းရှောင် နေရကြောင်း ဒီပဲယင်းမြို့နယ်-စစ်ရှောင်-ထောက်ပံ့ရေး အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက 

  • လောင်းလုံးမြို့နယ်အတွင်းရှိ တော်လှန်ရေးလူငယ်များ ပူးပေါင်း၍ လမ်းဆုံ/လမ်းခွတို့​တွင် "သွေးငွေဖြတ်" စတေကာများကို ဒီဇင်ဘာလ ၂ရက်နေ့တွင် လိုက်ကပ်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြသည်။ 

  • ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်ရှိ စစ်တပ် ဒေါက်တိုင်ဟု သတ်မှတ်ခံရသော အရက် ဘား ၂ ခုကို UG အဖွဲ့ များက ဒီဇင်ဘာ လ ၂ ရက်နေ့ညပိုင်းတွင် ဖောက်ခွဲ တိုက်ခိုက်ခဲ့ကြောင်း ပျောက်ကျား တပ်ဖွဲ့ များက ပြောသည်။ 

  • မြန်မာစစ်အာဏာသိမ်းအုပ်စု၏ ဝေဖန်သူများကို သေဒဏ်စီရင်ချက် ချခြင်းသည် စုစုပေါင်း ၁၃၉ ဦးအထိ ရှိသွားပြီဖြစ်ပြီး အတိုက်အခံများကို ဖြိုခွင်းရန် လက်နက်အဖြစ် သေဒဏ်ကို အသုံးချနေကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက သောကြာနေ့တွင် ပြောသည်။ 

တိုင်းရင်းသား လက်နက်ကိုင်များ  

  • ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်း စစ်ကောင်စီတပ်က စစ်ဆင်ရေး ပြုလုပ်ရန် တပ်ရင်း ၃ရင်းဖြင့် စုဖွဲ့ပြင်ဆင်နေကြောင်း ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်မှူးတစ်ဦးက ပြောသည်။ 

  • မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) တပ်မဟာ ၃၁၁ လေ့ကျင့်ရေးတပ်ခွဲ၏ သင်တန်းဆင်းပွဲအခမ်းအနားကို အောင်မြင်စွာကျင်းပပြုလုပ်ခဲ့ကြောင်း ကိုးကန့်သတင်းတွင် ဖော်ပြထားသည်။ 

  • ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်(မူတြော်)ခရိုင် ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော် (KNLA) တပ်မဟာ(၅) နယ်မြေမှာ နိုဝင်ဘာအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ တိုက်ပွဲ ၁၁၆ ကြိမ်ဖြစ်ပွားခဲ့ကြောင်း တပ်မဟာ(၅)က ထုတ်ပြန်သည်။ 

  • ကရင်နီပြည်နယ်၊ ဒီးမော့ဆို တွင် စစ်သားနှင့်ရဲများ လုံခြုံရေးစောင့်နေသည့် လူပုံစံ အရုပ်အတု များ စစ်တပ်က ချထားပြီး ကျေးရွာများတွင် မြေမြှုပ်မိုင်းများ အများအပြား ထောင်သွားကြောင်း KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးဌာနမှ တာဝန်ရှိသူ တစ်ဦး ကပြောသည်။ 

စစ်ကောင်စီ 

  • မောဟနှင့် လောဘနည်းပြီး ရောင့်ရဲမှုရှိရမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ ဗိုလ်လောင်းများကို အာဏာသိမ်း စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဒီဇင်ဘာလ ၂ ရက်နေ့က တိုက်တွန်းပြော ကြားခဲ့သည်။ 

  • ရှေ့တန်းရောက် စစ်ကောင်စီတပ်သားများနှင့် နယ်ခြားစောင့်တပ်ဖွဲ့များကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား (MRTV)ဖျော်ဖြေရေးအဖွဲ့က နယ်လှည့်ဖျော်ဖြေပေးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်း ထုတ်ပြန် ချက်အရ သိရသည်။ 

  • ၂၀၂၁ခုနှစ်နောက်ပိုင်း အရေးပေါ်ကာလတွင်  နိုင်ငံရေးအရ အရေးယူခြင်းမဟုတ်ဘဲ ဥပဒေချိုးဖောက်မှုများ ကြောင့်ပင် ဥပဒေအရသာ အရေးယူခဲ့ရခြင်းဖြစ်ကြောင်း အာဏာလုမင်းအောင်လှိုင်မှ ပြောပြန်သည်။ 

  • ယခုနှစ်၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်မှာအိပ်ချ်အိုင်ဗွီ/အေအိုင်ဒီအက်စ်ရောဂါကုသဆေး အေအာတီဆေး နှင့် ဆေးပစ္စည်းများဝယ်ယူရန်အတွက် အမေရိကန်ဒေါ်လာ ၁၆ သန်းကို ကျန်းမာရေးဝန်ကြီးဌာနက ထောက်ပံ့ ပေးထားမှုရှိနေကြောင်း ကမ္ဘာ့ခုခံအား ကျဆင်းမှုကူးစက်ရောဂါတိုက်ဖျက်ရေးနေ့ အထိမ်း အမှတ်အတွက် စစ်ကောင်စီကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်မှာ ဖော်ပြထားသည်။ 

ဒီဇင်ဘာ ၃ ရက် သုံးသပ်ချက် 

  • မြန်မာနိုင်ငံမှာ စစ်ကောင်စီက သေဒဏ်ချမှတ်ခြင်းများကို ရပ်တန့်ပြီး ကွပ်မျက်မှုအားလုံးကို ရပ်ဆိုင်းထားရန် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Volker Turk က ကြေညာချက်ထုတ် တောင်းဆိုလိုက် သည်။သို့ သော်စစ်ကောင်စီမှ ကုလ၏ တောင်းဆိုမှုကို ဂရုမစိုက်သည့်ပုံစံမျိုးကိုတွေ့ရခြင်းကြောင့် ထုတ်ပြန်ချက်ထက်ပိုသည့် ပြစ်ဒဏ်များ ချမှတ်ရန်လိုအပ်သည်။ 

  • ရရှိထားသည့်အချက်အလက်များရ စစ်ကောင်စီသည်လက်နက်အင်အား တောင့်တင်းမှုကို ပိုင်ဆိုင် သော် လည်း နိုင်ငံအနှံ့ စီးပွားရေးစစ်ရေးစစ်မျက်နှာများဖွင့်ထားခြင်းကြောင့် မည်သည့်အရာကိုမှ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်နိုင်ခြင်မရှိဘဲ ထိန်းချုပ်မှုနယ်မြေများ လက်လွတ်ရမှုများ တဖြေးဖြေးများလာသည်ကိုလည်း တွေ့ရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly