မြန်မာပလာဇာတွင် ခရစ္စမတ်နေ့အကြို အလှဖန်တီးမှုများဖြင့် လူထုကိုဆွဲဆောင်ပြန် 

မြန်မာပလာဇာတွင် ခရစ္စမတ်နေ့အကြို အလှဖန်တီးမှုများဖြင့် လူထုကိုဆွဲဆောင်ပြန် 

ဒီဇင်ဘာလ ၃ ရက်

ရန်ကုန်နေပြည်သူများက လူမှုပြစ်ဒဏ်ခတ်ထားဟော ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ မြန်မာပလာဇာတွင် ခရစ္စမတ်နေ့အကြို အလှဖန်တီးမှုများဖြင့် လူထုကိုဆွဲဆောင်လျက်ရှိသည်။ 

ယနေ့ ဒီဇင်ဘာ ၃ ရက်သည် အများပြည်သူရုံးပိတ်ရက်ဖြစ်သည့်အတွက် မြန်မာပလာဇာအတွင်း လာရောက်လည်ပတ်သူအချို့ ရှိနေပြီး၊ ခရစ္စမတ် အလှဖန်တီးထားသော Unicorn Photobooth များဖြင့် အမှတ်တရဓာတ်ပုံရိုက်ကူးသူများ ရှိနေသည်။ 

ခရစ္စမတ်ပွဲတော်အတွက် မြန်မာပလာဇာဘက်မှလည်း Christmas Decoration များအပါအဝင် Unicorn လေးများဖြင့် အလှဆင်ထားသော ပေ ၃၀ ကျော် အမြင့်ရှိသည့် Giant Christmas Tree တစ်ပင်ကို ဖန်တီးထားရှိကြောင်း သိရသည်။ 

ပြီးခဲ့သော ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၅ ရက်တွင် Myanmar Plaza အတွင်း စစ်ကောင်စီအားအလိုမရှိကြောင်း ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ခဲ့သော လူငယ်တချို့အား Myanmar Plaza ၏ လုံခြုံရေးဝန်ထမ်းများက  ရိုက်နှက်ကန်ကျောက်၍ ဖမ်းဆီးပြီး စစ်တပ်ထံသို့ လူငယ်များအား အပ်နှံခဲ့သည်။ 

ယင်းနေ့မှစတင်၍ ရန်ကုန်နေပြည်သူလူထုက  Myanmar Plaza အားအကြမ်းဖက်စစ်တပ်ဒေါက်တိုင် စီးပွားရေးအဖွဲ့အစည်းအဖြစ် သတ်မှတ်ကာ လူမှုပြစ်ဒဏ်ခတ်ခဲ့သည်မှာ ၂၀၂၂ခုနှစ် နိုဝင်ဘာ ၂၅ရက်တွင် တစ်နှစ်ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။

လူမှုပြစ်ဒဏ်ခတ်သည့် တစ်နှစ်ပြည့်နေ့တွင် ရေဘဝဲပြည့်သူ့အကျိုးပြုအဖွဲ့နှင့်အခြားသော ဒီမိုကရေစီ‌အရေးလှုပ်ရှားသူများက တက်ကြွစွာပါဝင်ခဲ့သော ပြည်သူလူထုအား ဦးညွှတ်အလေးပြုကြောင်း ထုတ်ပြန်ခဲ့သည်။ 

"စစ်အာဏာရှင်အလိုကျ ရမ်းကားပြီး ပြည်သူအားဖိနှိပ်ခြင်းပြုသော အရာမှန်သမျှကို ဆက်လက်တော်လှန်ပုန်ကန်၍ အမှန်တရားဘက်တော်သားများအဖြစ်ခံယူကာ လိပ်ပြာသန့်သန့် ရှင်သန်နေထိုင်ဖို့ တိုက်တွန်းနှိုးဆော်အပ်ပါသည်။" ဟု ရေးသားဖော်ပြထားသည်။ 

စာတည်း - သန့်ဇော်(သန်လျင်) 

#mizzima
#လူမှုပြစ်ဒဏ်
#စစ်အာဏာရှင်
#ရေဘဝဲပြည့်သူ့အကျိုးပြုအဖွဲ့
#မြန်မာပလာဇာ
#ခရစ္စမတ်နေ့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly