ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ဒေသပါတီခေါင်းဆောင် ပြော

By Devdiscourse
01 December 2022
ပါကစ္စတန် ဘာလိုချီစတန်ပြည်နယ်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများအပေါ် စိုးရိမ်ပူပန်ကြောင်း ဒေသပါတီခေါင်းဆောင် ပြော

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေမှုအပေါ် စိုးရိမ်ပူပန်ကြောင်း ဘာလိုချီစတန် အမျိုးသားရေးပါတီ (BNP) ၏ အကြီးအကဲ ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဆာဒါ ဂျန် မန်ဂဲလ်က ထုတ်ဖော်လိုက်သည်။

ပြည်နယ်တွင် လူ့အခွင့်အရေး ချိုးဖောက်မှုများ ရှိနေခြင်း၊ ပြည်သူများ ကြုံတွေ့နေရသော ပြဿနာများကို အစိုးရအသီးသီးက ဆက်လက် မျက်ကွယ်ပြုနေခြင်းအပေါ် ဆန့်ကျင်သည့် တိကျပြတ်သားသော ရပ်တည်ချက် သဘောထားကို BNP ပါတီက ကိုင်စွဲထားကြောင်း ဆာဒါ ဂျန် မန်ဂဲလ်က ကွက်တာမြို့တွင် အလုပ်သမား ကွန်ဗန်းရှင်းတစ်ခု၌ ပြောခဲ့ကြောင်း တိုင်းရင်းမီဒီယာ Dunya Daily က ဖော်ပြသည်။

ဘာလိုချီစတန် အမျိုးသားရေးပါတီအနေဖြင့် မည်သူနှင့်မှ လျှို့ဝှက် သဘောတူညီချက် ရယူထားခြင်း မရှိကြောင်း၊ ဘာလိုချီစတန်နှင့် ဘာလို့ချ် အသိုင်းအဝိုင်း၏ အကျိုးစီးပွားအတွက် အစဉ်တစိုက် လုပ်ဆောင်ခဲ့ကြောင်း မန်ဂဲလ်က ပြောသည်။

ဘာလိုချီစတန်၏ မြေနေရာတိုင်းကို မိမိတို့ အထွတ်အမြတ်ထားပြီး ဘာလိုချီစတန်ကို ကာကွယ်ရန်က မိမိတို့၏ တာဝန်ဖြစ်ကြောင်း BNP ပါတီ ခေါင်းဆောင်က ပြောသည်။

ပါတီက ပြည်သူများထံ ကတိပြုထားသည့်အတိုင်း လုပ်ဆောင်စေရန် မိမိတို့အနေဖြင့် အာဏာပိုင်များကို ဖိအားပေးသွားမည် ဖြစ်ကြောင်း သူက ပြောသည်။

ကွက်တာမြို့သည် BNP ပါတီ၏ အမာခံနယ်မြေဖြစ်ကြောင်း မန်ဂဲလ်က ပြောခဲ့သည်ဟု တိုင်းရင်းမီဒီယာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required