ပါကစ္စတန် ဘာလိုချီစတန်တွင် ရေဘေးသင့်ပြည်သူများကို စိုက်ပျိုးရေးမျိုးစေ့များ ဖြန့်ဝေရာ၌ အကျင့်ပျက်ခြစားမှုများ ရှိနေ

ပါကစ္စတန် ဘာလိုချီစတန်တွင် ရေဘေးသင့်ပြည်သူများကို စိုက်ပျိုးရေးမျိုးစေ့များ ဖြန့်ဝေရာ၌ အကျင့်ပျက်ခြစားမှုများ ရှိနေ

ပါကစ္စတန်နိုင်ငံ ဘာလိုချီစတန်ပြည်နယ်တွင် အကျင့်ပျက်ခြစားမှု ဖြစ်စဉ်များ ရှိနေခြင်းကြောင့် အဆိုပါပြည်နယ်၌ ရေဘေးသင့်ပြည်သူများကို စိုက်ပျိုးရေးမျိုးစေ့များ ဖြန့်ဖြူးပေးဝေမှု လုပ်ငန်းစဉ်ကို အထူးတလည် စောင့်ကြည့်လျက် ရှိသည်။

နိုင်ငံတွင် အကြီးအကျယ် ထိခိုက်ပျက်စီးစေသော ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ပြီးနောက် ဘာလိုချီစတန်ပြည်နယ် ကိုဟ်လူခရိုင်ရှိ စိုက်ပျိုးရေးဌာနသည် ဒေသရှိ ရေဘေးသင့် တောင်သူများကို စိုက်ပျိုးရေးမျိုးစေ့များ ဖြန့်ဖြူးပေး ဝေရန် ဆုံးဖြတ်ခဲ့ကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ဒေသခံများသည် ကိုဟ်လူခရိုင်၏ အကြီးအကဲ ကာဘန် မက်ဂ်စီ၏ ရုံးအပြင်ဘက်တွင် စုဝေးခဲ့ကြပြီး စိုက်ပျိုးရေးမျိုးစေ့များ ပေးဝေမှုတွင် ပါဝင်ခဲ့သည့် ပါကစ္စတန် ပြည်သူ့စစ်တပ်ဖွဲ့ (FC) နှင့် စစ်တပ် အရာရှိများ အပေါ် ဆန္ဒပြခဲ့ကြသည်။

ပါကစ္စတန် ပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်တပ် အရာရှိများသည် ဆင်းရဲနွမ်းပါးသော ပြည်သူများအပေါ် ဒုက္ခပေးလျက် ရှိပြီး ဆင်းရဲနွမ်းပါးသူများကို မည်သည့်မျိုးစေ့မှ မပေးဘဲ လက်ဗလာဖြင့် အိမ်ပြန်ခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။

သက်ဆိုင်ရာ အာဏာပိုင်များ၏ ထောက်ခံချက် ရထားသူများနှင့် နိုင်ငံရေးဩဇာရှိသူများသည် မည်သည့် ပြဿနာမှ မကြုံရဘဲ မျိုးစေ့များကို ရရှိနေသည်ဟု ဒေသခံများက စွပ်စွဲထားကြောင်း ပြည်တွင်း မီဒီယာက ဖော်ပြသည်။

ပါကစ္စတန် ပြည်သူ့စစ်တပ်ဖွဲ့နှင့် စစ်တပ်အရာရှိများသည် ဒေသအာဏာပိုင်များနှင့် ပူးပေါင်းညှိနှိုင်းပြီး ၎င်းတို့ အလိုရှိသူများကိုသာ စိုက်ပျိုးရေးမျိုးစေ့များ ဖြန့်ဝေပေးလျက် ရှိကြောင်း ဒေသခံများက ပြောသည်။ ပြည်သူ့စစ်တပ်ဖွဲ့ တာဝန်ရှိသူများ၏ လုပ်ဆာင်ချက်ကြောင့် ၎င်းတို့အနေဖြင့် အရှက်ခွဲခံရသကဲ့သို့ ခံစားရကြောင်း ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required