သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်ကွန်မြူနစ်ပါတီက အမျိုးသမီးများအား ထိပ်ပိုင်းရာထူးများ၌ ပါဝင်ခွင့် မပေး

သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်ကွန်မြူနစ်ပါတီက အမျိုးသမီးများအား ထိပ်ပိုင်းရာထူးများ၌ ပါဝင်ခွင့် မပေး

သမ္မတရှီကျင့်ဖျင်လက်ထက်တွင် တရုတ်ကွန်မြူနစ်ပါတီ (CCP) သည် တန်းတူညီမျှမှုအပေါ် သင်္ကေတပြုသည့် ရိုးရာအစဉ်အရာများကို စွန့်လွှတ်ခဲ့ပြီး အမျိုးသမီးများအား အာဏာမှ အဝေးသို့ တွန်းပို့ခဲ့သည်။

အောက်တိုဘာလက ကျင်းပခဲ့သည့် အကြိမ် ၂၀ မြောက် တရုတ်ကွန်မြူနစ်ပါတီ၏ အမျိုးသားညီလာခံတွင် ပါတီပေါ်လစ်ဗျူရိုအတွက် အမျိုးသား ၂၄ ဦးကိုသာ ရွေးချယ်ခဲ့ပြီး အမျိုးသမီးများကို ခန့်ထားသည့် အစဉ် အလာကို ချိုးဖျက်ခဲ့ခြင်းက ၂၅ နှစ်အတွင်း ပုံမှန်မဟုတ်ဘဲ အမျိုးသမီးကို ချန်လှပ်ထားခဲ့ခြင်းဖြစ်ကြောင်း နယူးယောက်ရှိ အာရှလူအဖွဲ့အစည်းမူဝါဒအင်စတီကျူ့၏ တရုတ်လေ့လာရေးစင်တာမှ အငယ်တန်း သုတေသီ ဂျိုဟန်နာကိုစတန်ဂန်က Nikkei Asia တွင် ရေးသားဖော်ပြခဲ့သည်။

ပါတီဗဟိုကော်မတီအသစ်တွင် အမတ်နေရာ ၂၀၅ ဦးတွင် အမျိုးသမီး ၁၁ ဦးသာ နေရာသာ ရရှိခဲ့သည်။

ပါတီ၏ ရည်ရွယ်ချက်တွင် တရုတ်ခေတ်မီဆိုရှယ်လစ်နိုင်ငံဖြစ်လာရေးအတွက် အမျိုးသားနှင့် အမျိုးသမီးများအကြား သာတူညီမျှရေးဝါဒကို သမိုင်းကြောင်းအရ ဖော်ပြထားသည်။

သို့သော် ထိပ်တန်းရာထူးတိုးအတွက် ရှီကျင့်ဖျင်ကို သစ္စာစောင့်သိမှုနှင့် အလိုက်သိမှုတို့သည် အရည်အချင်း သို့မဟုတ် စွမ်းဆောင်ရည်ရှိမှု စံနှုန်းများထက် အဓိက လိုအပ်ချက်ဖြစ်လာခဲ့သည်။

ပါတီခေါင်းဆောင် ရှီကျင့်ဖျင်က ကျားမတန်းတူညီမျှမှုကို မလေးထားရန် မလိုအပ်တော့ကြောင်း ကိုစတန်ဂန်က ရေးသားခဲ့သည်။

“CCP က အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တကယ် ဂရုစိုက်တယ်လို့ မထင်ပါဘူး။ ဒါပေမဲ့အမျိုးသမီးတွေကို သြဇာကြီးတဲ့ ရာထူးနေရာတွေမှာ ခန့်အပ်တာရှိတော့ အနည်းဆုံးတော့ နှုတ်ရဲ့ ဆောင်မခြင်းတော့ရှိပါတယ်” ဟု အမေရိကန်လူ့အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ Human Rights Watch မှ အကြီးတန်း သုတေသီ ယာချိဝမ်က ပြောကြားခဲ့သည်။ “အမျိုးသမီးတွေ လွတ်မြောက်ရေးက ကွန်မြူနစ်ဝါဒကို ထူထောင်တဲ့ သဘောတရားရဲ့ အစိတ်တစ်ပိုင်းဖြစ်ပါတယ်”

မကြာသေးမီက မူဝါဒအပြောင်းအလဲများသည် တရုတ်လူ့အဖွဲ့အစည်းအတွင်း အမျိုးသမီးများ၏ အခန်း ကဏ္ဍနှင့် ပတ်သက်ပြီး ပါတီ၏ ရပ်တည်ချက်ကို ညွှန်ပြနေကြောင်း ကိုစတန်ဂန်က ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly