ကနေဒါပင်စင်ရန်ပုံငွေ ကုမ္ပဏီများက ရှင်ကျန်းလူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေ

ကနေဒါပင်စင်ရန်ပုံငွေ ကုမ္ပဏီများက ရှင်ကျန်းလူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေ

ရှင်ကျန်းတွင် လူ့အခွင့်အရေးချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်နေသည့် ကုမ္ပဏီများတွင် ကနေဒါပင်စင် ရန်ပုံငွေများစွာကို ရင်းနှီးမြှုပ်နှံထားကြောင်း ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Hong Kong Watch နှင့် Sheffield Hallam တက္ကသိုလ်မှ ပါမောက္ခလော်ရာ မာဖီ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။

ကနေဒါဖက်ဒရယ်ရန်ပုံငွေ ၃ခု နှင့် ပြည်နယ်ပင်စင်ရန်ပုံငွေ ၆ ခုထက်မနည်းသည် ရှင်ကျန်းရှိ လူ့အခွင့် အရေး ချိုးဖောက်မှုများတွင် ပတ်သက်နေသည့် တရုတ်ကုမ္ပဏီများတွင် ရင်းနှီးမြှုပ်နှံထားကြောင်း Toronto Star က သတင်းဖော်ပြလိုက်သည်။

ဝီဂါလူနည်းစုအား အတင်းအကျပ် လုပ်အားပေးစေခိုင်းခြင်း သို့မဟုတ် ထိန်းသိမ်းထားသည်ဟု စွပ်စွဲခံထားရ သည့် တရုတ် အစိုးရ၏ အလုပ်သမားလွှဲပြောင်းရေး အစီအစဉ်တွင် ပါဝင်နေသည့် ကုမ္ပဏီများတွင်လည်း အနောက်နိုင်ငံ အများအပြား၏ ပင်စင်ရန်ပုံငွေများကို ရင်းနှီးမြှုပ်နှံထားသည်။

"လူသားမျိုးနွယ်အပေါ် ကျူးလွန်သော ရာဇဝတ်မှုအား သွယ်ဝိုက်သောအားဖြင့် ရန်ပုံငွေထောက်ပံ့ခြင်း-- စုဆောင်းငွေများက တရုတ်ထိန်းသိမ်းရေးစခန်းများနှင့် အတင်းအဓမ္မလုပ်အားပေးစေခိုင်းသူများကို ထောက်ပံ့ ပေးနေခြင်း" ခေါင်းစဉ်ဖြင့် အစီရင်ခံစာတွင် ကနေဒါရန်ပုံငွေလုပ်ငန်းများသည် အတိုင်းအတာအမျိုးမျိုးဖြင့် ရင်းနှီးမြှုပ်နှံထားကြောင်း စွပ်စွဲခံထားရသည်ဟု Toronto Star က ဖော်ပြခဲ့သည်။

အစီရင်ခံစာတွင် ရင်းနှီးမြှုပ်နှံမှုစီမံခန့်ခွဲမှုကုမ္ပဏီ Morgan Stanley မှ လုပ်ကိုင်နေသော ရင်းနှီးမြှုပ်နှံမှုရန်ပုံငွေ များဖြစ်သည့် အဓိကကမ္ဘာလုံးဆိုင်ရာအညွှန်းကိန်း ၃ ခုမှ အဓိက စတော့များကို သုံးသပ်လေ့လာခဲ့သည်။

Morgan Stanley ၏ China Index တွင် ဖော်ပြထားသော ကုမ္ပဏီ ၁၂ ခုအနက် ၆ ခုသည် ထိန်းသိမ်းရေး စခန်းများတည်ဆောက်လုပ်ရာတွင် ပါဝင်နေပြီး ၆ ခုသည် အလုပ်သမား လွှဲပြောင်းမှုတွင် ပါဝင်နေကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

ထွန်းသစ်စဈေးကွက်အညွှန်းကိန်းတွင် ကုမ္ပဏီ ၁၃ ခုမှ ၇ ခုသည် တရုတ်အစိုးရက ပံ့ပိုးပေးသော အလုပ်သမား လွှဲပြောင်းရေးအစီအစဉ်များမှ အလုပ်သမားများကို အသုံးပြုခဲ့ပြီး စခန်းတည်ဆောက်ရေးတွင် ၆ ခု ပါဝင်ခဲ့သည် ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

အမေရိကန်မပါသည့် ကမ္ဘာ့နိုင်ငံများအားလုံးအညွှန်းကိန်းတွင် ကုမ္ပဏီ ၄ ခုတွင် ၂ ခုသည် အလုပ်သမား လွှဲပြောင်းရေး အစီအစဉ်များမှ အလုပ်သမားများ ရယူခဲ့ကြောင်း စွပ်စွဲခံထားရပြီး ၂ ခုမှာ စခန်းတည်ဆောက် ရေးတွင် ပါဝင်ပတ်သက်နေသည်ဟု Toronto Star က ဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required