တရုတ်အာဏာပိုင်များက တိဗက်ဘုန်းကြီးကို ထောင်ဒဏ် ၁၈ လ ချမှတ်

By Tibet Rights Collective
01 December 2022
တရုတ်အာဏာပိုင်များက တိဗက်ဘုန်းကြီးကို ထောင်ဒဏ် ၁၈ လ ချမှတ်

တိဗက်ကိုယ်ပိုင်အုပ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နာဘာမြို့ရှိ ကာတီဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီး လော့ဆန်ချိုဖယ်ကို တရုတ်အာဏာပိုင်များက ၂၀၂၂ ခုနှစ်အောက်တိုဘာလဆန်းပိုင်းတွင် ထောင်ဒဏ် ၂ နှစ်ခွဲ ချမှတ်လိုက်ကြောင်း ယုံကြည်ရသောသတင်းရင်းမြစ်ကို ကိုးကား၍ အဝေးရောက်တိဗက်ဗဟိုအစိုးရအဖွဲ့ (CTA) က ပြောသည်။

တရုတ်အာဏာပိုင်များသည် တိဗက်ဘုန်းတော်ကြီးကို ယခုနှစ်နွေရာသီက ဖမ်းဆီးခဲ့ပြီး ပြစ်ဒဏ်ချမှတ်သည့် အောက်တိုဘာလမတိုင်ခင်ထိ ထိန်းသိမ်းထားခဲ့သည်။ ထိန်းသိမ်းထားစဉ်ကာလတွင်လည်း ဖမ်းဆီးရသည့် အကြောင်းရင်း၊ တည်နေရာနှင့် ကျန်းမာရေးအခြေအနေတို့ကိုလည်း မသိရဟု ဆိုသည်။

ဘုန်းတော်ကြီး လော့ဆန်ချိုဖယ်သည် ၂၀၀၈ နှစ်က လာဆာမြို့တွင် တစ်ကြိမ်နှင့် ၂၀၁၁ ခုနှစ်ကနာဘာမြို့တွင် တစ်ကြိမ် ဖမ်းဆီးခံရဖူးသည်။ ထိုအချိန်ကလည်း ၄ လကျော် ထိန်းသိမ်းခံခဲ့ရသည်။

တရုတ်အာဏာပိုင်များက ဘုန်းကြီးကျောင်းများ၌ လုပ်ရိုးလုပ်စဉ် ဘာသာရေးဓလေ့များကို အကန့် အသတ်မဲ့တားမြစ်မှုနှင့် ဘုန်းကြီးများအပေါ် စည်းမျည်းချမှတ်သည့် မျိုးချစ်ပညာရေးလှုပ်ရှားမှု သို့မဟုတ် တရားဝင်ပညာရေးအပေါ် အာခံဆန့်ကျင်မှုအတွက် လော့ဆန်ချိုဖယ်သည် ၂၀၁၁ ခုနှစ်က ထိန်းသိမ်းခံခဲ့ရသည်။

တရုတ်ရဲများသည် ကာတီဘုန်းကြီးကျောင်းမှ ဘုန်းတော်ကြီး၏ ညီဖြစ်သူကိုလည်း ယခင်က ဖမ်းဆီးခဲ့ကြောင်း CTA ၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မျိုးချစ်ပညာရေးကဏ္ဍတွင် တိဗက်များက ဒလိုင်းလားမားကို ရှုတ်ချရမည့်ပြဋ္ဌာန်းချက်လည်းပါဝင်နေသည်ဟု CTA ၏ ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly